6

ပညာအလင်းပွင့် ... · 2020. 7. 15. · ပေး၍ ပါတီကအသိအမှတ်ပြုပေးပြီး ၎င်းတို့ ... တယ်။

  • Upload
    others

  • View
    4

  • Download
    0

Embed Size (px)

Citation preview

  • ပညာအလင်းပွင့်မြန်မာသုတေသနဖောင်ဒေးရှင်းမှ စုစည်းတင်ပြသည်။

    မေ့အသံအတွဲ(၂)၊ အမှတ်-၁၄ ဇူလိုင် ၁၅ ရက်၊ ၂ဝ၂၀လစဉ်သတင်းလွှာ

    မေ ၂၃၊ ၂၀၂၀

    ရဝမ်ဒါနိုင်ငံသည် နိုင်ငံရေးတွင် အမျိုးသမီးများ ပိုမိုပါဝင်မှု၏ အကြီးမားဆုံးဥပမာတစ်ခုကို ပြသခဲ့သည်။ နိုင်ငံရေးတွင် အမျိုးသမီး များပါဝင်မှု ထိပ်ဆုံးနိုင်ငံဖြစ်သည့် ရဝမ်ဒါကပြုလုပ်ခဲ့သည့် ၂၀၁၃ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်ထဲတွင် အမျိုးသမီးများ ၆၄ ရာခိုင်နှုန်းထိ စံချိန်တင်အနိုင်ရရှိခဲ့သည်။ ယင်းကဲ့သို့သော ရလဒ် ရရှိခြင်းသည် ကံကောင်းမှုကြောင့် ဖြစ်လာခြင်းမဟုတ်ဘဲ လုံလောက် သည့်ကြိုးစားအားထုတ်မှုကြောင့် ဖြစ်လာခြင်းဖြစ်သည်။ ၁၉၉၀

    ခုနှစ်တွင် ရဝမ်ဒါလွှတ်တော်တွင် အမျိုးသမီးပါဝင်မှုသည် ၁၈ ရာခိုင် နှုန်းရှိခဲ့သည်။ ၂၀၀၃ အခြေခံဥပဒေအရ သတ်မှတ်ထားသည့် အချိုးကျ အမျိုးသမီး ၃၀ ရာခိုင်နှုန်းပါဝင်မှုသည် အပြုသဘောဆောင်သည့် အကျိုးသက်ရောက်ခဲ့ပြီး ၂၀၀၈ တွင် ၅၆ ရာခိုင်နှုန်းရှိခဲ့သည်။ ထို့ကြောင့် ၂၀၁၃ ရွေးကောက်ပွဲတွင် ၆၄ ရာခိုင်နှုန်းထိ သိသိသာသာခုန်တက် ခဲ့သည်။

    လက်ရှိမြန်မာနိုင်ငံတွင် အမျိုးသမီးကိုယ်စားပြုမှုသည် ပြည်ထောင်စု လွှတ်တော်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင် ၁၀.၂ ရာခိုင်နှုန်းရှိသည်။ ရွေးကောက်ခံ လွှတ်တော်

    ၂၀၂၀ မှာ အမျိုးသမီးကိုယ်စားလှယ်လောင်းတွေ

    ပိုအနိုင်ရမယ်လို့ မျှော်လင့်နိုင်မလား

  • 2 အတွဲ(၂)၊ အမှတ်-၁၄ သတင်း

    ဤသတင်းလွှာကို ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးစိန်ခေါ်မှုများ အဖြေရှာရန်အတွက် အဖွဲ့အစည်းများနှင့် သုတေသီများအတွက် ငွေကြေးထောက်ပံ့ပေးနေ သည့် ကနေဒါအပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေးသုတေသနစင်တာ (IDRC)နှင့် Global Affairs Canada တို့မှ ထောက်ပံ့ပေးခြင်းဖြစ်သည်။ ယခုသတင်းစာတွင် ပါဝင်သော အကြောင်းအရာများကို မည်သည့်အဖွဲ့အစည်းမဆို လွတ်လပ်စွာမျှဝေနိုင်သည်။ သတင်းလွှာကို အခမဲ့ရယူနိုင်ရန် [email protected] သို့ ဆက်သွယ်နိုင်ပါသည်။

    ကိုယ်စားလှယ်သီးသန့်ဆိုလျှင်ဖြင့် ၁၃.၆ ရာခိုင်နှုန်းရှိမည်ဖြစ်သည်။ နိုင်ငံရေးပါတီ များသည် အမျိုးသမီးပါဝင်မှုအရေအတွက် တိုးတက်လာရေးနှင့် ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း အဖြစ်ပါဝင်နိုင်ရေး လုပ်ဆောင်နေကြသည်။ တိုင်းရင်းသားပါတီငယ်တချို့ကတော့ လူငယ် ပါတီဝင်အသစ်များ၊ အမျိုးသမီးပါတီဝင်များ ပိုမိုပါဝင်ရန် စုဆောင်းနေသည့်အပြင် ၎င်းတို့ ၏ဌာနများကိုပါ ထပ်မံတိုးချဲ့ဖွင့်လှစ်ပြီး ပါတီ ပိုမိုအားကောင်းလာရေးအတွက် ကြိုးပမ်း အားထုတ်နေကြသည်။ ပညာအလင်းပွင့် မြန်မာသုတေသနဖောင်ဒေးရှင်း (EMReF)မှ ကနေဒါ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးရေး သုတေသနစင်တာ (IDRC) ၏ ကူညီမှုဖြင့် ပြုလုပ်ခဲ့သည့် ''ပါတီတည်ဆောက်ခြင်းနှင့် ကိုယ်စားလှယ်လောင်းရွေးချယ်ခြင်း၊ ပါတီ တွင်း နိုင်ငံရေးနှင့် မြန်မာနိုင်ငံတွင် ကျား-မ တန်းတူညီမျှမှုကို မြှင့်တင်ခြင်း"" သုတေသန ၏ အင်တာဗျူးအချက်အလက်များအရ ကချင် ပြည်နယ်ပြည်သူ့ပါတီ (KSPP) နှင့် လီဆူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (LNDP)တို့ကဲ့သို့ တိုင်းရင်းသား နိုင်ငံရေးပါတီငယ် များသည် ၂၀၁၅ ခုနှစ်က ကိုယ်စားလှယ် လောင်းရွေးချယ်ခြင်းအတွက် စနစ်ကျသည့် အစီအစဉ်များနှင့် မူဝါဒများ မရှိခဲ့ပါ။ ကိုယ်စားလှယ်လောင်းများကိုယ်တိုင် စာရင်း ပေး၍ ပါတီကအသိအမှတ်ပြုပေးပြီး ၎င်းတို့ ကိမုတှပ်ံတုငခ်ွင့်နငှ့်  ပါတမီခွှင့်ပြုခဲသ့ည်က့စ္စိ ရပ်များစွာရှိခဲ့ရာ ပါတီများ၏ကိုယ်စားလှယ် လောင်းရွေးချယ်ခြင်းတွင် အမျိုးသမီးများ ပါဝင်မှုကို အရေးကြီးသည့်အချက်အဖြစ် အသိအမှတ်ပြုလုပ်ဆောင်နိုင်ခြင်း မရှိခဲ့ပါ။ ယင်းအချိန်ကာလက တိုင်းရင်းသားပါတီငယ် များ၏ အဓိကစိန်ခေါ်မှုများသည် အချိန် ကန့်သတ် ချက်နှင့် အရင်းအမြစ်များမရှိခြင်း ဖြစ်သည်။

    ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ၏ တွဲဖက်အတွင်းရေးမှူး ဦးတူရော်က ''လူငယ်ဌာနရှိပေမယ့် ၂၀၁၅ တုန်းက ကောင်းကောင်း အလုပ်မလုပ်သေးဘူး။ ဒါပေမယ့် ခုတော့ သူတို့က ပါတီအရေးကိစ္စ တွေမှာ တက်တက်ကြွကြွ ပါဝင်နေကြပြီ။

    အမျိုးသမီးဌာနကိုလည်း ကျွန်တော်တို့က အတောင်ပံတစ်ခုအဖြစ် ဖွဲ့စည်းဖို့ စီစဉ်ခဲ့ တယ်။ ဒါပေမယ့် ဒါက ကျွန်တော်တို့အတွက် မလွယ်ကူပါဘူး။ ဒါကြောင့် တကယ်မဖြစ်ခဲ့ ဘူး။"" ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က KSPP ပါတီညီလာခံပြုလုပ်ခဲ့ပြီး အမျိုးသမီး များနှင့် လူငယ်များပါဝင်မှုမြှင့်တင်ခြင်းများ ပါဝင်သည့် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက် ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ် ခြင်း အစီအစဉ်များ၊ မူဝါဒများစသည့် အရေးကြီးသည့်ကိစ္စရပ်များကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြသည်။ ထို့ကြောင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် နှိုင်းယှဉ်လျှင် အပြုသဘောဆောင်သည့် ပြောင်းလဲမှုဖြစ် လာရန် ယုံကြည်သည်ဟုဆိုသည်။ ထိုနည်းတူ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

    (NLD) နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) တို့သည်လည်း ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီး ပါဝင်နှုန်း ပိုမိုမြင့်တက်လာအောင် လုပ်ဆောင် နေကြသည်ကို သုတေသနတွေ့ရှိချက်များ အရ သိရှိရပါသည်။

    သို့သော်လည်း နိုင်ငံရေးတွင် အမျိုးသမီး ပါဝင်မှုပမာဏများပြားခြင်းသည် ဇနီး၊ ခင်ပွန်း နှင့် မိသားစုများကြား လူမှုရေးပြဿနာ အနည်းငယ် ဖြစ်လာနိုင်သည်။ အိမ်တွင်း အကြမ်းဖက်မှုကိုမလိုချင်သည့် အစပျိုးမှု ဖြစ်နိုင်သည့် အမျိုးသမီးများတွင် ကိုယ်ပိုင် အခန်းကဏ္ဍရှိခြင်းသည် အမျိုးသမီးများ အိမ်တွင်ရှိနေခြင်းကို တိုတောင်းစေလိမ့် မည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့၏ ခင်ပွန်းသည်များက သူတို့ဇနီးများသည် သူတို့မျှော်လင့်ထားသလောက် အိမ်တွင် မနေနိုင်တော့သည့်အချက်ကို ကြိုက်နှစ်သက်

    ဓာတ်ပုံ-Pyidaungsu Hluttaw

    [email protected]

  • 3 အတွဲ(၂)၊ အမှတ်-၁၄သတင်း

    www.facebook.com/emrefmyanmarwww.emref.org၀၉-၄၂၀၀၀၆၁၁၃ [email protected]

    ကြမည်မဟုတ်ပါ။ ဤအချက်သည် ရဝမ်ဒါ တွင် အမျိုးသမီးများ နိုင်ငံရေးတွင်ပါဝင်မှု၊ ဆုံးဖြတ်ချက်ချမှတ်သည့် နေရာများတွင် ပါဝင်မှုတိုးမြှင့်ခြင်း၏နောက်ကွယ်မှ ထင်မှတ် မထားသည့်ရလဒ်ဖြစ်ခဲ့သည်ကို တွေ့ရှိရပါ သည်။ ၎င်းအချက်သည်လည်း မြန်မာ နိုင်ငံအတွက် စိန်ခေါ်မှုတစ်ရပ်ဖြစ်နိုင်ပြီး အနာဂတ် မြန်မာနိုင်ငံတွင် အမျိုးသမီးများ သည် ဆုံးဖြတ်ချက်ချခြင်း သို့မဟုတ် နိုင်ငံရေးတွင် နေရာယူရပါက ကျွန်ုပ်တို့ သတိပြုရမည့်အချက်များနှင့် ဆင်ခြင်သုံးသပ် သင့်သည့်အရာတစ်ခု ဖြစ်လာနိုင်ပါသည်။

    ထို့အပြင် လွှတ်တော်ကိုယ်စားလှယ် များ၊ နိုင်ငံရေးပါတီအလုပ်အမှုဆောင်အဖွဲ့ ဝင်များနှင့် သာမန်ပြည်သူများကို တွေ့ဆုံ မေးမြန်းချက်များအရ လူအများစုက ဝေပုံကျ

    စနစ်ကို သဘောမတူကြောင်း ပြောဆိုကြ သော်လည်း အနည်းငယ်ကမူ ဝေပုံကျစနစ် သည် အစပြုလုပ်ဆောင်ရမည့်အချက်ဖြစ် ကြောင်းဆိုသည်။ ကျွန်ုပ်အနေနှင့်တော့ ဝေပုံကျစနစ်သည် ရဝမ်ဒါနိုင်ငံနှင့်ဆင်တူ သည့် မြန်မာနိုင်ငံအတွက် ကောင်းမွန်သည့်အဖြေတစ်ခုဖြစ်သည်ဟု ထင်မြင်သည်။ နိုင်ငံရေးတွင် အမျိုးသမီးကိုယ်စားပြုမှု ၃၀ ရာခိုင်နှုန်းဝေပုံကျရရန် ဆွေးနွေးမှုများရှိသော် လည်း တိုးတက်မှုမရှိသေးပါ။ အမျိုးသမီး ကိုယ်စားလှယ် (သို့မဟုတ်) အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် ပိုမိုပါဝင်လာနိုင်ရန် မြို့နယ်အဆင့်မှစ၍ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု မူဝါဒရှိသင့်သည်။ ကိုယ်စားလှယ် လောင်းရွေးချယ်ရာတွင် မြို့နယ်အဆင့်သည် ပင်လျှင် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်

    နေခြင်းကြောင့်ဖြစ်သည်။ ပါတီတချို့တွင် အလုပ်အမှုဆောင်အဖွဲ့ကသာ ကိုယ်စားလှယ် လောင်းများကို ရွေးချယ်ကြသည်ကိုလည်း လေ့လာသိရှိရပါသည်။

    အချုပ်အားဖြင့် ကွင်းဆင်းအချက် အလက်ကောက်ယူသည့် ကာလအတွင်း လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် သာမန်ပြည်သူ များကို တွေ့ဆုံစကားပြောခြင်းနှင့် စုဆောင်း ရရှိသည့် အချက်အလက်အားလုံးသည် ၂၀၂၀ အထွေထွေရွေးကောက်ပွတွဲင် ကျား-မ ရေးရာကိုယ်စားပြုမှုအပေါ် အပြုသဘော ဆောင်သည့် အနည်းငယ်သောပြောင်းလဲမှု ရှိလာမည့် အလားအလာရှိသည်ဟုပင်ဆိုရ မည်ဖြစ်သည်။

    La Ring

    ဓာတ်ပုံ-Pyidaungsu Hluttaw

  • 4 အတွဲ(၂)၊ အမှတ်-၁၄ သတင်း

    ဇွန် ၁၁၊ ၂၀၂၀

    COVID-19 ကပ်ရောဂါကာလအတွင်း ရွေးကောက်ပွဲသည် အမျိုးသမီးကိုယ်စားလှယ်လောင်းများအတွက် ပုံမှန်ထက်စိန်ခေါ်မှု များ ပိုရှိနိုင်သော်လည်း ပုံစံအသစ်ဖြင့် ကျော်လွှားရန်လိုအပ်သည်ဟု သိရသည်။

    ကျား-မ တန်းတူညီမျှရေးကွန်ရက်(Gender Equality Network) က ဇွန်လ (၆) ရက်နေ့ကပြုလုပ်ခဲ့သည့် ဂျဲန်ဒါ(ကျား-မ)နှင့် ရွေးကောက်ပွဲ စကားဝိုင်းတွင် ယင်းသို့ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

    အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ရွှေရွှေစိန်လတ်က ''အမျိုးသမီးတွေမှာ အတားအဆီးတွေရှိတယ်ဆိုပေမယ့် ပုံစံအသစ်နဲ့ ကျွန်မတို့ကျော်ဖြတ်ရမယ်။ ကျွန်မတို့မကျော်ဖြတ်ဘူးဆိုရင် ဒီနိုင်ငံရေး ထဲကို ရောက်လာမှာ မဟုတ်ဘူး။"" ဟုဆိုသည်။

    လက်ရှိအခြေအနေတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန် ကြိုးစားနေဆဲအခြေအနေမှာရှိနေပြီး ကပ်ရောဂါကာလ အတွင်း ရွေးကောက်ပွဲကျင်းပနိုင်ချေရှိမရှိနှင့် စိန်ခေါ်မှုများအပေါ် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်ကတော့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ အတွင်း ကျင်းပပြုလုပ်မည်ဟု သတင်းမီဒီယာများကို ပြောဆိုထားသည်။ ခုလိုကပ်ရောဂါကာလအတွင်း ရွေးကောက်ပွဲကျင်းပခဲ့လျှင် ဂျဲန်ဒါ (ကျား-မ) တန်းတူညီမျှရေးနှင့် အားလုံးပါဝင်နိုင်မှုအပေါ် စိုးရိမ်ပူပန်မှု များလည်း ရှိနေသည်။

    ကပ်ရောဂါမဖြစ်ပွားသည့် ပုံမှန်အခြေအနေမှာတောင် အမျိုးသား ကိုယ်စားလှယ်လောင်းများနှင့် အမျိုးသမီးကိုယ်စားလှယ်လောင်း များ ကြုံတွေ့ရသည့်အခက်အခဲများသည် ထပ်တူမကျဘူးဟု ဒေါ်ရွှေရွှေစိန်လတ်ကဆိုသည်။ ပါတီတွင်းမှာ အများဆုံးဦးဆောင်သူ များသည် အမျိုးသားများဖြစ်သလို ပါတီတွင်းပံ့ပိုးမှုပိုင်းမှာလည်း အမျိုးသားများကို ပို၍ဝန်းရံပံ့ပိုးကြသည်။ မဲဆန္ဒရှင်များကလည်း အမျိုးသားကိုယ်စားလှယ်လောင်းများကို ပိုပြီးပံ့ပိုးဝန်းရံသည့်သဘော ရှိသည်ဟုဆိုသည်။ ငွေရေးကြေးရေး၊ မဲဆွယ်စည်းရုံးသည့်အခါ သွားလာရေးပိုင်းများတွင်လည်း အမျိုးသမီးကိုယ်စားလှယ်လောင်း များသည် အမျိုးသားကိုယ်စားလှယ်လောင်းများထက် ပို၍စိန်ခေါ်မှု များသည့်အနေအထား ရှိသည်။ ပုံမှန်အခြေအနေမှာပင် ယင်းသို့ စိန်ခေါ်မှုအခက်အခဲများရှိသည့်အတွက် ယခုလို COVID ဖြစ်ပွားနေ သည့်ကာလတွင် ပို၍ခက်ခဲနိုင်သည်ဟု သုံးသပ်ကြသည်။

    ဒေါ်ရွှေရွှေစိန်လတ်က ''ပုံမှန်အခြေအနေထက် ပိုခက်ခဲနိုင်တယ် ဆိုပေမယ့် အခွင့်အလမ်းတွေလည်းရှိပါတယ်။ အခုလို COVID ကာလမှာ ကိုယ့်အကြောင်းကို လူတွေသိအောင် အွန်လိုင်းမီဒီယာကို သုံးပြီး အများကြီးလုပ်လို့ရပါတယ်။""ဟုပြောသည်။

    COVID ဖြစ်နေသည့်ကာလအတွင်း လူထုဆီကိုယ်တိုင်သွားဖို့ မဖြစ်နိုင်သည့်အတွက် နည်းပညာပိုင်းကိုအသုံးပြုပြီး လူထုနှင့် နီးစပ်အောင် ပိုပြီးလုပ်ဆောင်ဖို့လိုသည်ဟု အကြံပြုသည်။ အိုင်တီ နည်းပညာပိုင်းတွင်လည်း အမျိုးသားများသည် အမျိုးသမီးများထက်

    ပို၍အားသာသည်ဟုဆိုသည်။ မဲပေးသူအမျိုးသားများသည်လည်း ဖုန်းနှင့် အိုင်တီနည်းပညာ ကို ပိုကျွမ်းကျင်သည့်အတွက် ကိုယ်စားလှယ်လောင်းများ၏အကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် အချက်အလက်များကို ပိုမိုရရှိနိုင်သည်ဟုဆိုသည်။ ထို့ကြောင့် အမျိုးသမီးကိုယ်စားလှယ်လောင်းများအနေနှင့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်ရာတွင် အိုင်တီနည်းပညာကို ပိုပြီးကျွမ်းကျင်မှုရှိစေ ရန် လုပ်ဆောင်သင့်သည်ဟု အကြံပြုသည်။

    ရွေးကောက်ပွဲတွင် အမျိုးသမီးများ၊ အမျိုးသမီးကိုယ်စားလှယ် လောင်းများ ပိုမိုပါဝင်နိုင်ရေးအတွက် အွန်လိုင်းမဲဆွယ်ကမ်ပိန်းများ ပြုလုပ်ရန်စီစဉ်နေသည်ဟု အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မား ရေး လုပ်ဆောင်နေသည့် ဖန်တီးအိမ်မှ ဒါရိုက်တာဒေါ်ခင်လေးငယ် က ဆိုသည်။

    ၎င်းက ''မဲဆွယ်ကမ်ပိန်းတွေလုပ်တဲ့အခါ အခက်အခဲတွေရှိပါ တယ်။ ရှိတဲ့ကြားထဲက နည်းမျိုးစုံနဲ့ ဆိုရှယ်မီဒီယာသုံးပြီးတော့ပဲ ဖြစ်စေ သီချင်းတွေလုပ်ပြီး လူထုဆီရောက်အောင်လုပ်မယ်ပေါ့။ အဲ့လိုနည်းတွေ စဉ်းစားပြီး ကျော်လွှားနိုင်ဖို့ လုပ်နေပါတယ်။ ""ဟု ပြောသည်။

    ဖန်တီးအိမ်အနေနှင့် ''အမျိုးသမီးများကို မဲပေးပါ"" ကမ်ပိန်းကို ကျယ်ကျယ်ပြန့်ပြန့်လုပ်သွားဖို့ ရှိသည်ဟုဆိုသည်။ အမျိုးသမီးများကို မဲပေးဖို့၊ အမျိုးသမီးများကို ယုံကြည်မှုရှိဖို့နှင့်ပတ်သက်သည့် MTV၊ သီချင်းများကို ဆိုရှယ်မီဒီယာကိုအသုံးပြု၍ ထုတ်လွှင့်သွားဖို့ရှိသည် ဟုသိရသည်။

    နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် အမျိုးသမီးများပါဝင်မှုသည် အရေးကြီးပြီး ဘက်ပေါင်းစုံကနေ နိုင်ငံ့တာဝန်ကို အမျိုးသမီးများမထမ်း ဆောင်မချင်း အဲ့ဒီနိုင်ငံ တိုးတက်မှာမဟုတ်ဘူးဟု ဒေါ်ရွှေရွှေစိန်လတ် က ပြောသည်။ နိုင်ငံရေးတွင် အမျိုးသမီးများသည် တန်းတူမဟုတ် တောင် အနည်းဆုံး ၃၀ ရာခိုင်နှုန်း၊ ၄၀ ရာခိုင်နှုန်းမပါဘဲ မတိုးတက် ဘူးဟုဆိုသည်။ အမျိုးသမီးများ နိုင်ငံရေးတွင် ပိုမိုပါဝင်လာနိုင်ရန် အတွက် နိုင်ငံတော်အဆင့်ကလည်း အမျိုးသမီးများအတွက် အထူး စီစဉ်ထားသည့် ယာယီလုပ်ဆောင်ချက်များလုပ်ဖို့ လိုသည်ဟု ဒေါ်ရွှေရွှေစိန်လတ်က ဆိုသည်။ အမျိုးသမီးများအတွက် ထောက်ပံ့

    COVID-19 ကပ်ရောဂါကာလအတွင်း ရွေးကောက်ပွဲအတွက် အမျိုးသမီးကိုယ်စားလှယ်လောင်းများ ပုံစံအသစ်ဖြင့် ကျော်လွှားရန်လို

  • 5 သတင်း အတွဲ(၂)၊ အမှတ်-၁၄

    ဇွန် ၂၊ ၂၀၂၀

    လာမည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲ တွင် အမျိုးသမီးပါဝင်ယှဉ်ပြိုင်မှု ပိုများလာ မည်ဟုယူဆကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင် က ဆိုသည်။

    ၎င်းက ''ကျွန်တော်တို့က အမျိုးသမီးတွေ ပါဝင်မှု ပိုပြီးမြင့်မားလာစေဖို့ ၂၀၁၉-၂၀၂၂ မဟာဗျူဟာစီမံကိန်းမှာ ထည့်ထားပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူ လိုက်နိုင်တဲ့အရည်အချင်းတွေ ရှိကြပါ တယ်။ ဒီအရည်အချင်းတွေကို လက်တွေ့ ကျကျအသုံးချြပီး နိုင်ငံရေးမှာ ပါဝင်ဆောင်ရွက် နိုင်ကြဖို့ တိုက်တွန်းလိုပါတယ်။""ဟုဆို သည်။ Union Election Commission ဖေ့စ်ဘုတ်စာမျက်နှာတွင် ဖော်ပြထားသည့် ရွေးကောက်ပွဲနှင့် အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍမြင့်မားရေးဆွေးနွေးခန်း ဗီဒီယို ဖိုင်တွင် ယင်းသို့ပြောကြားခြင်း ဖြစ်သည်။

    ၂၀၁၉-၂၀၂၂ မဟာဗျူဟာစီမံကိန်းမှာ ပါဝင်သည့်အချက်များ အောင်မြင်အောင် ဆောင်ရွက်ရန် အမျိုးသမီးများကို ပံ့ပိုးခြင်း၊ အမျိုးသမီးကိုယ်စားလှယ်လောင်းများ ရင်ဆိုင် ကြုံတွေ့နိုင်သည့် လုပ်ကြံသတင်းနှင့် အမုန်း စကားတိုက်ဖျက်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကို မတ်လက ကျင်းပခဲ့သည်ဟုဆိုသည်။ ယင်းဆွေးနွေးပွဲတွင် အမျိုးသမီးကဏ္ဍ တာဝန်ယူနေသည့် အရပ်ဘက်အဖွဲ့အစည်း ၁၀ ဖွဲ့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီး/ ပြည်နယ်များရှိ ကော်မရှင်အဖွဲ့ခွဲများမှ အမျိုးသမီးကဏ္ဍတာဝန်ယူနေသည့် ကော်မရှင် အဖွဲ့ခွဲဝင်များလည်း တက်ရောက်ခဲ့သည်ဟု သိရသည်။

    ဆွေးနွေးပွသုဲံးသပ်ချက်များအရ အမျိုးသမီး များအပေါ် အမုန်းစကားများ တိုက်ဖျက် ချေမှုန်းခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ ပြီးသည့်အခါ အမျိုးသမီးကိုယ်စားလှယ် လောင်းများကို လူထုက ပိုမိုပြီးထောက်ခံ လာမည်ဟု ဦးမြင့်နိုင်ကဆိုသည်။ ဆွေးနွေး ပွဲမှရရှိလာသည့်ရလဒ်များကို အမျိုးသမီး အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆက်လက် ၍ ပူးပေါင်းလုပ်ဆောင်ပါက နိုင်ငံရေးကဏ္ဍ တွင် အမျိုးသမီးများပါဝင်လာမှု ပိုမိုတိုးတက် လာမည်ဟု ၎င်းအမြင်ကို ပြောသည်။

    မြန်မာ့နိုင်ငံရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုနည်းပါးရခြင်းသည် ယဉ်ကျေးမှုစံနှုန်းများကြောင့်ဖြစ်သည်ဟု ဦးမြင့်နိုင်က သုံးသပ်ပြောကြားသည်။ အမျိုးသမီးများ သည် အမျိုးသားများ၏ခေါင်းဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဦးစားပေးကြပြီး အမျိုးသမီးများကို အိမ်မှုကိစ္စများတွင် ဖြည့်ဆည်းပံ့ပိုးပေးရမည့် တာဝန်ရှိသည်ဟု သတ်မှတ်ထားကြသည်ဟုဆိုသည်။ ယင်းသို့ယဉ်ကျေးမှုစံနှုန်းများကြောင့် အမျိုးသားများနှင့်အမျိုးသမီးများ၏ နိုင်ငံရေးပါဝင်မှု

    အပေါ် သက်ရောက်နိုင်သည်ဟု သုံးသပ်မှု များလည်း ရှိသည်။ နောက်တစ်ချက်အနေ နှင့် နိုင်ငံရေးပါတီများသည် ကိုယ်စားလှယ် လောင်းများ ရွေးချယ်သည့်အခါ အမျိုးသမီး များထက် အမျိုးသားများကို ပိုပြီးရွေးချယ် တတ်ကြသည်ဟု ဦးမြင့်နိုင်ကသုံးသပ်သည်။ ထို့အပြင် အမျိုးသမီးများ ရွေးကောက်ပွဲ တွင်ပါဝင်လာတဲ့အခါ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်း၊ အမုန်းစကားပြောခြင်း များလည်း ရှိသည်ဟုဆိုသည်။

    ဦးမြင့်နိုင်က ''မြန်မာနိုင်ငံလွှတ်တော် တွေထဲမှာ ကိုယ်စားပြုတဲ့ အမျိုးသမီးဦးရေ ရာခိုင်နှုန်းက ၁၃ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒီအချိုးက နိုင်ငံပေါင်း ၁၉၁ နိုင်ငံမှာ ကျွန်တော် တို့မြန်မာနိုင်ငံက အဆင့် ၁၅၉ သာ ရှိသေး တာကို တွေ့ရပါတယ်။ ဒါကြောင့် ကျွန်တော် တို့က အမျိုးသမီးများပါဝင်မှု အခန်းကဏ္ဍ မြင့်မားဖို့လိုနေပြီ ဖြစ်ပါတယ်။""ဟု ဆိုသည်။

    ရွှေလေး

    (ကိုးကား- https://www.facebook.com/uecmyanmar/

    videos/1696790880445044/)

    ရေးပံ့ပိုးတာမျိုး၊ ရွေးကောက်ပွဲဝင်ရန် ထည့်ဝင်ငွေ ကျပ် (၅) သိန်းကို အမျိုးသမီးများအတွက် လျော့ပေါ့စဉ်းစားပေးတာမျိုး ပြုလုပ်သင့် သည်ဟု အကြံပြုသည်။

    ဒေါ်ရွှေရွှေစိန်လတ်က ''နိုင်ငံတော်အဆင့်မှာ ယာယီလုပ်ဆောင်ချက်တွေလုပ်ဖို့လိုသလို ပါတီတွေကလည်း လုပ်ဖို့လိုပါတယ်။ ဘက်ပေါင်းစုံ ကနေ လုပ်ဖို့လိုတယ်။ အမျိုးသမီးတွေကို အားပေးဖို့လိုတယ်။ အမျိုးသမီးတွေ ပိုပါလာဖို့ လိုတယ်။ ပိုပါလာမှဖြစ်မယ်။ ကျွန်မဆိုရင် နောက်ရွေးကောက်ပွဲမဝင်တော့ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်မ ကိုယ်တိုင်ဝင်တာထက် အမျိုးသမီးတွေကို ပိုပြီးပံ့ပိုးချင်တယ်။ ကျွန်မရဲ့ အတွေ့အကြုံတွေကို ဝေမျှချင်တယ်။"" ဟုပြောသည်။

    ရွေးကောက်ပွဲကော်မရှင်အနေနှင့်လည်း ရွေးကောက်ပွဲကို မည်သို့အစီအမံတွေနှင့် လုပ်မည်ဆိုသည်ကို အရပ်ဖက်အဖွဲ့အစည်း များ၊ နိုင်ငံရေးပါတီများနှင့် ဆွေးနွေးညှိနှိုင်း၍ အကြံဉာဏ်များယူဖို့ လိုသည်ဟု ပါဝင်ဆွေးနွေးသူများက ထောက်ပြကြသည်။ ဒီမိုကရေစီ စနစ်ကိုသွားသည့်အခါ အားလုံးပါဝင်မှုလို့ဆိုရာတွင် အမျိုးသမီးများ၊ မသန်စွမ်းများအတွက် ဖွင့်ပေးထားသည်လို့ဆိုတာမျိုးထက် လက်တွဲ ခေါ်သည့်သဘောမျိုးထိသွားရန်လိုအပ်သည်ဟု အကြံပြုဆွေးနွေးခဲ့ ကြသည်။

    ရွှေလေး(ကိုးကား- https://www.facebook.com/genmyanmar/videos/261812785060144/)

    ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အမျိုးသမီးပါဝင်ယှဉ်ပြိုင်မှု ပိုများလာမည်ဟုဆို

    ဓာတ်ပုံ-https://www.facebook.com/uecmyanmar/videos/

  • 6 အတွဲ(၂)၊ အမှတ်-၁၄ သတင်း

    ''နိုင်ငံရေးကအမျိုးသမီးတွေကို စွမ်းရည်မြင့်ဖို့ အစွမ်းထက်တဲ့နည်းလမ်း တစ်ခုဖြစ်တယ်။""

    -----Preneet Kaur (Indian Politician)

    ကမ္ဘာကျော်တို့ရဲ့  ပြောစကား

    ဧပြီ ၁၊ ၂၀၂၀

    ''လူ့အဖွဲ့အစည်း၏ မျိုးပြားစုံလင်ကြွယ်ဝ မှုအပေါ် လူငယ်များ၏အမြင်"" သုတေသန အစီရင်ခံစာကို ပညာအလင်းပွင့်မြန်မာ သုတေသနဖောင်ဒေးရှင်း (EMReF) က ယူနက်စကို၏ထောက်ပံ့မှုဖြင့် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက ထုတ်ဝေခဲ့သည်။

    လူငယ်များ၏ မတူကွဲပြားမှုအပေါ် သိမြင်လက်ခံမှုနှင့် တွေ့ကြုံခံစားရမှုများကို ဖော်ထုတ်လေ့လာထားသည့် သုတေသန ဖြစ်သည်။ ရန်ကုန်မြို့ရှိ မြို့နယ်ပေါင်း(၂၈)မြို့နယ်မှ အသက် (၁၈)နှစ်နှင့် (၃၅) နှစ် ကြား လူငယ် (၃၀၀) နီးပါးကို စစ်တမ်း ကောက်ယူ မေးမြန်းထားခြင်းဖြစ်သည်။ သုတေသနတွေ့ရှိချက်များကို ကဏ္ဍ (၁၁)ခု အလိုက် အစီရင်ခံစာတွင် အသေးစိတ် ဖော်ပြထားသည်။

    မြန်မာနိုင်ငံတွင် လူငယ်ရေးရာ၊ မတူ ကွဲပြားမှုဆိုင်ရာနှင့် ဗဟုဝါဒဆိုင်ရာအင်္ဂလိပ် စာပေများနှင့်ပတ်သက်၍ လိုအပ်နေသည်

    များကို ဖော်ထုတ်နိုင်ခဲ့ပြီး ပထမကိစ္စရပ် သည် ဘာသာပြန်ဆိုခြင်းဆိုင်ရာ လိုအပ်ချက် ဖြစ်သည်ဟု သုတေသနက ထောက်ပြထား သည်။ လက်ရှိမြန်မာစာပေများတွင် မတူ ကွဲပြားမှုများ၊ tolerance (နားလည်သည်းခံ စွမ်းအား)၊ ဗဟုဝါဒနှင့် ခွဲခြားဆက်ဆံမှု

    စသည့် သဘောတရားများကို မြန်မာဘာသာ ပြန်ဆိုနိုင်သည့်နည်းလမ်းများကို ပြုစုရေးသား နိုင်မှုမရှိခြင်း (သို့) ယင်းသဘောတရား အယူအဆများနှင့်ပတ်သက်၍ မြန်မာ ဘာသာဖြင့် ရေးသားထားသည့်မူဘောင် များ၊ စာအုပ်စာတမ်းများမရှိခြင်း၊ အထူးသဖြင့် လူငယ်များအနေဖြင့် အဆိုပါ သဘောတရား များကို လေ့လာသင်ယူနိုင်သည့် နည်းလမ်း များကို ဖော်ထုတ်ထားမှုမရှိခြင်းဖြစ်သည်ဟု သုတေသနကဆိုသည်။ ဒုတိယကိစ္စရပ်မှာ လူငယ်များအနေဖြင့် ယဉ်ကျေးမှုများ စုံလင် ကွဲပြားမှုရှိခြင်း၏ အရေးပါမှုတန်ဖိုးများကို လေ့လာသင်ယူနိုင်သည့် နည်းလမ်းများနှင့် နေရာများ၊ လူမှုအသိုင်းအဝိုင်းများ ပြန်လည် ပေါင်းစည်းမှုကိုဖော်ဆောင်ရာတွင် လူငယ် များပါဝင်နိုင်သည့် နည်းလမ်းများစသည်တို့ ကိုဖော်ထုတ်ရန် လိုအပ်နေသည်ဟု သုတေသန တွင် ရေးသားထားသည်။ ယင်းသုတေသန အပြည့်အစုံကို www.emref.org တွင် အခမဲ့ရယူနိုင်သည်။

    ရွှေလေး

    ''လူ့အဖွဲ့အစည်း၏ မျိုးပြားစုံလင်ကြွယ်ဝမှုအပေါ် လူငယ်များ၏အမြင်"" သုတေသနအစီရင်ခံစာ ထုတ်ပြန်

    YOUTH PERCEPTIONS OF PLURALISM AND DIVERSITY

    IN YANGON, MYANMAR

    Report prepared for UNESCO by Enlightened Myanmar Research Foundation (EMReF)

    22 November 2019

    Yangon, Myanmar

    ဓာတ်ပုံ-https://en.wikipedia.org/wiki/Preneet_Kaur