23
နယူးယောက်ပြည်နယ်အနောက်ပိုင်းဒေသ အလုပ်ခွင်ဆိုင်ရာ ကန်းမာရေးနှင်ဘးကင်းလုပ်ခြံရေးဆိုင်ရာ ကာင်စီ (WNYCOSH) COVID-19 အလုပ်သမားမား အကိးအမြတ်ရရှိရေး လမ်းညွှန်စာအုပ်

WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

  • Upload
    others

  • View
    1

  • Download
    0

Embed Size (px)

Citation preview

Page 1: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

နယူးယောက်ပြည်နယ်အနောက်ပိုင်းဒေသ အလုပ်ခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းလုပ်ခြုံရေးဆိုင်ရာ ကောင်စီ (WNYCOSH)

COVID-19 အလုပ်သမားများ

အကျိုးအမြတ်ရရှိရေး လမ်းညွှန်စာအုပ်

Page 2: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ
Page 3: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

WNYCOSH အကြောင်း 3

COVID-19 အလုပ်သမားအကျိုး ခံစားခွင့် အစီအစဉ်များ အကျဉ်းချုပ် 5

အလုပ်လက်မဲ့ 6

NYS အလုပ်လက်မဲ့ နှင့် CARES အက်ဥပဒေ 6

PAID SICK TIME (နာမကျန်းမှုကြောင့် လခပေးသည့်နားရက်ခွင့်) 9

NYS COVID-19 Paid Sick Leave 9

Federal Paid Sick Leave ဗဟိုအစိုးရမှ ဖျားနာမှုကြောင့် လခပေးသည့်နားရက်ခွင့် (Families First Coronavirus Response Act: Employee Paid Leave Rights FFCRA) မိသားစုများအရေး ကိုရိုနာဗိုင်းရက်စ် တုံ့ပြန်မှု အက်ဥပဒေ : အလုပ်သမားများလခပေးနားရက်ခွင့် ရရှိရေး 11

PAID FAMILY LEAVE မိသားစုအရေးကြောင့် ပေးသည့် နားရက်ခွင့် 13

NYS Paid Family Leave နယူးရောက်ပြည်နယ်မှ ပေးသည့် မိသားစုအရေးကြောင့် ပေးသည့်နားရက်ခွင့် အကယ်၍ သင့်ကလေး ဒါမှမဟုတ် သင့်ကလေး၏စာသင်ကျောင်းမှာ Quarantined သီးခြားကန်သန့်ထားလျှင် 13

Family Care မိသားစု စောင့်ရှောက်မှု 13

Federal Paid Expanded Family and Medical Leave ဗဟိုအစိုးရမှ တို့မြင့်မိသားစုခွင့် နှင့် ကျန်းမာရေးခွင့် (Families First Coronavirus Response Act: Employee Paid Leave Rights, FFCRA) မိသားစုများအရေး ကိုရိုနာဗိုင်းရက်စ် တုံ့ပြန်မှု အက်ဥပဒေ : အလုပ်သမားများလခပေးနားရက်ခွင့် ရရှိရေး 16

OSHA ၏ အန္တရယ်ရှိသော အလုပ်ကို ငြင်းဆန်ရန် အခွင့်အရေး 18

ရည်ညွှန်းချက် 19

မာတိကာ

Page 4: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

တင်ပြခံဝန်ချက်

နယူးယောက်ပြည်နယ် အနောက်ပိုင်းဒေသ အလုပ်ခွင်ဆိုင်ရာ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကောင်စီ (WNYCOSH) သည် အကျိုးအမြတ် မရယူသော non-profit အဖွဲ့ အစည်း တစ်ခု ဖြစ်ပါသည်။ ဤစာအုပ်ငယ်မှာ သတင်းအချက်အလက် ရစေလိုသော ဦးတည်ချက်တစ်ခုသာ ဖြစ်ပါသည်။ သို့ပါ၍ ဥပဒေအကြံပေး သို့မဟုတ် အစိုးရမှ သတ်မှတ်ထားသည့် စာတမ်း တစ်ခု အနေဖြင့် ကောက်ယူသုံးစွဲရန် မသင့်ပါ။ ဤစာအုပ်တွင် ပါဝင်သော သတင်းအချက်အလက်များကို အစိုးရမှ ပြဌာန်းထားသော စာတမ်းတစ်ခုအနေဖြင့် အစားထိုး၍ မရပါ။ အကယ်၍ အမှားပါခဲ့ပါက မရည်ရွယ်သော အမှားသာဖြစ်ပါ၍ WNYCOSH မှ သက်ဆိုင်ရာ အစိုးရ အဖွဲ့ အစည်းများနှင့် ပူးပေါင်းတိုင်ပင် ပြီး ၎င်းအမှားအား ပြန်လည်ပြင်ဆင်ပေးပါမည်။ မေးမြန်လိုသော မေးခွန်များ သို့မဟုတ် အမှားပြင်အမှန်ဖြစ်စေရန် ပြောဆိုလိုပါက WNYCOSH အလုပ်သမားစင်တာ Hotline ကို (၇၁၆) ၂၀၆ ၃၅၅၀ သို့ ဆက်သွယ်နိုင်ပါသည်။

WNYCOSH မှ ယခု ဘာသာပြန် စာတမ်း၏ တိကျမှန်ကန်မှုအတွက် အာမ မခံနိုင်ပါ။ WNYCOSH မှ ယုံကြည်စိတ်ချရသော ကွန်မြူနတီ အဖွဲ့ဝင်များ နှင့် ပူးပေါင်းဆောင်ရွက်ထားခြင်းဖြစ်ပြီး နည်းပါးသော အချိန်အတိုင်းအတာ တစ်ခုကြောင့် ယခု စာတမ်း၏ တိကျမှန်ကန်ခြင်းကို စစ်ဆေးမှု ပြုလုပ်နိုင်ခြင်းမရှိခဲ့ပါ။

WNYCOSH အကြောင်း

WNYCOSH ကို ၁၉၇၉ ခုနှစ်တွင် အလုပ်သမား၊ သဘာဝပတ်ဝင်းကျနှင့် ပြည်သူကျန်းမာရေး လုပ်ရှားသူများမှ တည်ထောင်ခဲ့သည်။ တည်ထောင်သူ လူပေါင်း ၃၀၀ ကျော်၏ ညီလာခံတွင် Love Canal နှင့် Goodyear စက်ရုံမှ ထွက်ရှိသည့် အဆိပ်အတောက် ဖြစ်စေသော ပစ္စည်းများနှင့် နာမကျန်းဖြစ်စေသော ဓါတုပစ္စည်းများ အကြောင်းကို ဆွေးနွေးခဲ့ကြသည်။ လွန်ခဲ့သော နှစ် လေးဆယ်အတွင်း WNYCOSH သည် အလုပ်သမား သမဂ္ဂ ဒေသခံများ၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးလုပ်ရှားသူများ အပြင်

ပြည်သူ့ကျန်းမာရေးနှင့် တရားစီရင်ရေးများမှ ကျွမ်းကျင်သူများပါဝင်သော အဖွဲ့ဝင်အခြေစိုက် စနစ်ဖြင့် တည်ဆောက်ထားသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ WNYCOSH သည် လူငယ်လုပ်သမားများ၊ ဒုက္ခသည်များနှင့် ပြောင်းရွှေ့ လုပ်သားများ၊ ဝင်ငွေနည်းပါးသော အလုပ်သမားများ၊ နှင့် ဘေးအန္တရယ်များသော အလုပ်သမားများ အစရှိသည့် သိန်းနှင့်ချီသော အလုပ်သမားများအား ဘေးအန္တရယ်ဖော်ထုတ်နိုင်ရန်၊ အကဲဖြတ်နိုင်ရန် နှင့် ထိန်းခြုပ်နိုင်ရန် အတွက် တိုက်ရိုက် သင်တန်းများ ပေးခြင်းဖြင့် အလုပ်သမားများအား ဘေးအန္တရယ်မှ ကာကွယ်ပေးနိုင်ခဲ့သည်။

WNYCOSH သည် ဒေသခံစီးပွားရေးများ၊ နယူးယောက်ပြည်နယ် အလုပ်သမားပတ်ဝန်းကျင်ကွန်ယက်၊ WNYမျှတသော ကုန်သွယ်ရေးညွှန်ပေါင်းမှု၊ OSHA လုပ်ငန်းခွင်ကွန်ယက်၊ NYS Zero Lift Task Force အစရှိသည့် အရေးကြီးသော အလုပ်သမားနှင့် လုပ်ငန်းခွင် ဘေးကင်းကျန်းမာရေးစံချိန်စံညွှန်းများကို ပြည်နယ်နှင့် အမျိုးသား ညွှန့်ပေါင်းအဖွဲ့ များ တည်ဆောက်နိုင်ရန် ကူညီပံ့ပိုးပေးခဲ့သည်။

WNYCOSH သမိုင်းကြောင်းအား ပိုမို သိရှိနိုင်စေရန် https://wnycosh.org/about-us/history/ တွင် သွားရောက်လေ့လာနိုင်ပါသည်။

Page 5: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

WNYCOSH 2495 Main Street Suite 438 Buffalo, NY 14214 Phone: (716) 833-5416 Fax: (716) 833-7507

Released 3/29/20

1

1

Page 6: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

COVID-19 အလုပ်သမားအကျိုး ခံစားခွင့် အစီအစဉ်များ အကျဉ်းချုပ်

အစီအစဉ်များ အကျိုးခံစားခွင့် သတ်မှတ်ချက် အကောင်း အဆိုး

အလုပ်လက်မဲ့ အများဆုံး ၃၉ ပါတ်အထိ အကျိုး ခံစားခွင့်ရရှိမည်။ တစ်ပါတ်လျှင် အများဆုံး ၅၀၄ ဒေါ်လာ ရရှိမှာဖြစ်ပြီး တစ်ပါတ် အပိုဆောင်းဒေါ်လာ ၆၀၀ ကို ၁၈ ပါတ်အထိ ရရှိနိုင်ပါသည်။ အပိုရရှိငွေ ၆၀၀ မှာ ၇ လပိုင်း ၃၁ ရက်နေ့တွင် သက်တန်းကုန်မှာ ဖြစ်ပြီး ၁၃ ပါတ် အပို ရရှိငွေမှာ ၁၂ လပိုင်း ၃၁ ရက်နေ့တွင် သက်တန်းကုန်မှာ ဖြစ်သည်။

အလုပ်ပြုတ်ထားသူများ၊ အလုပ်နားထားရသူများ၊ နှင့် Laid-off ရထားသူများမပါဝင်ပါ။ ကိုယ်ပိုင်စီးပွားရေးသမားများ၊ လက်ဝယ်ခံ စီးပွားရေးသမားများ နှင့် COVID19 ကြောင့် အလုပ်မလုပ်နိုင်ကြသူများ ပါဝင်ပါသည်။

NYS တွင် ၇ ရက်အထိ စောင့်ဆိုင်းပေးသည်။ The CARES Act အရ အပါတ်တိုင်းပေးသော ငွေ အပြင် တစ်ပါတ် ၆၀၀ အပို ငွေ ကို ၁၈ ပတ်အပြင် နောက်ထပ် ၁၃ ပါတ် ထပ်တိုးပေးထားသည်။

နယူးယောက်ပြည်နယ်မှ ဖျားနာမှုကြောင့် ပေးသည့် ခွင့်ရက်

ခွင့်ရက်မှာ နာရီ ၈၀ အထိ ရရှိမှာ ဖြစ်သည်။ ကုမ္ပဏီ အရွယ်အစားပေါ် မူတည်၍ ရရှိငွေ ပြောင်းလဲနိုင်သည်။

ခရိုင် DOH မှ ချမတ်ထားသော အမိန့်ပါရှိရမည်။

ကုမ္ပဏီ အရွယ်အစားပေါ် မူတည်ခြင်းမရှိပဲ အလုပ်သမားအားလုံး အကျိုးခံစားခွင့် ရမည်။

အလုပ်သမား ဦးရေ ၁၀၀ အောက်ရှိသော အလုပ်ရှင်များသည် အလုပ်သမား အကျိုးခံစားခွင့်ကိုခွဲခြားစွာ ပေးဝေနိုင်ပြီး တင်းကျင်နိုင်သည်။

ဗဟို အစိုးရမှ ဖျားနာမှုကြောင့် ပေးသည့် ခွင့်ရက်

qualified ဖြစ်သော အလုပ်ရှင်များမှ တဆင့် နာရီ ၈၀ အထိ တိုက်ရိုက် ရရှိနိုင်ပါသည်။

အလုပ်သမားဦးရေး ၅၀ မှ ၅၀၀ အတွင်း ရှိသော အလုပ်တွင် လုပ်ကိုင်သောသူ ဖြစ်ရမည်။

အကျိုးခံစားခွင့်ကို လျှောက်စရာမလိုပါ။ အလုပ်ရှင်မှ တိုက်ရိုက် ခံစားခွင့် ပေးသည်။

အလုပ်သမားဦးရေ ၅၀ အောက် နှင့် ဦးရေ ၅၀၀ အထက်ရှိသော အလုပ်တွင် လုပ်ကိုင်ကြသော အလုပ်သမားများ မပါဝင်ပါ.

နယူးယောက်ပြည်နယ်မှ ကလေး နာမကျန်းမှုကြောင့် ပေးသည့် ခွင့်ရက်

quarantined ဖြစ်နေစဉ်အတွင်း ကလေးကို စောင့်ရှောက်ရန် မိဘ တစ်ဦးအား ပေးသည့်ခွင့်

ယခုကာလတွင် ကလေး quarantine အမိန့် သို့မဟုတ် ကလေးစာသင်ကျောင်းမှ quarantine အမိန့်လိုအပ်သည်။

quarantined ကာလအတွင်း ကလေးငယ်များကို စောင့်ရှောက်နေရသော အလုပ်သမားများအကျိုးခံစားခွင့်ရရှိမည်။

County DOH Order of quarantine ဖြင့်သာ ခွင့်ရရှိနိုင်ပါသည်။

နယူးယောက်ပြည်နယ်မှ မိသားစုအရေးကြောင့် ပေးသည့် ခွင့်ရက်

မိသားစုဝင် တစ်ဦးဦးအား စောင့်ရှောက်ပေးရန် ရရှိသည့်ခွင့်။ လစာ၏ ၆၀ ရာခိုင်နှုန်းကို ၁၀ ပါတ်အထိ ရရှိနိုင်သည်။

လိုင်စင်ရ ကျန်းမာရေးစောင့်ရှောက်သူထံမှ မိသားစုဝင်၏ ပြင်းထန်သော ကျန်းမာရေးထောက်ခံချက် လိုအပ်သည်။

Not restricted to COVID-19 နှင့် သက်ဆိုင်သော နာမကျန်းမှုများအတွက် ကန့်သတ်ထားခြင်းမရှိပါ။

federal program က ရရှိသော အကျိုးခံစားခွင့် ထက်နည်းပါးသည်။

ဗဟို အစိုးရမှ မိသားစု အရေးကြောင့် ပေးသည့် ခွင့်ရက်

COVID-19 ကြောင့် မိသားစုအား စောင့်ရှောက်ရန် ခွင့် ၁၀ ပါတ်ထိ ရရှိနိုင်သည်။

COVID-19 ကြောင့် ကလေးသို့မဟုတ် မိသားစုဝင်အားစောင့်ရှောက်ရန် ဖြစ်သည်။ COVID-19 ကြောင့် ကျောင်းပိတ်ခြင်း ပါဝင်သည်။

အလုပ်ချိန် တစ်ပါတ်၏ သုံးပုံ နှစ်ပုံ ခန့်သာ ရရှိမည်။

COVID-19 နှင့် ဆိုင်သော အကြောင်းအရာများသာ ရရှိသည်။

ဗဟို အစိုးရမှ ပေးသည့် STIMULUS CHECKS

လူကြီးတစ်ဦးကို ဒေါ်လာငွေ ၁၂၀၀ နှင့် ၁၆ နှစ်အောက် မှီခို ကလေး အတွက် ဒေါ်လာငွေ ၆၀၀ ကို တစ်ကြိမ်တစ်ခါ ရရှိနိုင်သည်။

2018, 2019 tax return ထားရမည်။ ဝင်ငွေ မှာ တစ်ဦးကို $75,000၊ မိသားစုဝင်ငွေ $150,000 အောက်ဖြစ်ရမည်။

ရရှိငွေမှာ အခွန်ပေးစရာမလိုပါ။ အခွန်ဆောင်ထားသူများအားလုံး တိုက်ရိုက် ရရှိနိုင်ပါသည်။

အခွန်မဆောင်ထားသူများအတွက်တော့ ၎င်းအကျိုးအမြတ်ရရှိ မလွယ်ကူပါ။

Page 7: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

နိဒါန်း ကိုရိုနာဗိုင်းရပ်စ်(COVID-19) အကျပ်အတည်း ကြုံခဲ့ရပြီးနောက် စီးပွားရေးလုပ်ငန်းအများစု ပိတ်လိုက်ရခြင်းကြောင့် ပြည်သူလူထုမှာ ကိုယ်ကျိုးနှင့် မိသားစုအကျိုး တွက်ပံ့ပိုးပေးရန် အခက်အခဲများ ကြုံတွေ့ခဲ့ရသည်။ နယူးယောက်ပြည်နယ်တွင် ရပ်ရွာလူထုပျံ့ နှံ့ မှုကို ကန့်သတ်ရန်နှင့် ဗိုင်းရပ်စ်ပိုး ပျံ့ နှံ့ မှုကို ရပ်တန်စေရေးအတွက် soical distancing ဟုခေါ်သော လူမှုရေး အရဝေးကွာစာနေထိုင်ခြင်း အားပေးပြီး မရှိမဖြစ်လိုအပ်သော လုပ်ငန်းများ အပ တခြားလုပ်ငန်းများကို ပိတ်စေခဲ့ပါသည်။ ပြည်နယ်နှင့် ဗဟို အစိုးရသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြည်သူပြည်သားတို့ ငွေရေးကြေးရေး ထိခိုက်မှုများကို လျှော့ချ ရပ်တန့်နိုင်စေရန် နှင့် ကူညီနိုင်စေရေးတို့အတွက် ပရိုဂရမ် များကို ဖန်းတီး တိုးချဲ့ နိုင်ခဲ့သည်။ အောက်ဖော်ပြပါများမှာ COVID-19 ကူးစက်ရောဂါကြောင့် ထိခိုက်မှုများမှ ကူညီနိုင်သော ပရိုဂရမ်များ ဖြစ်ကြသည်။ ကျေးဇူးပြု၍ လိမ်လည်မှုများကိုလည်း သတိထားပါ။ ပါဝင်မှုသည် ငွေပေးချေခြင်း၊ စရံငွေပေးရခြင်း၊ တခြား စရိတ်စရ များပေးစရာ လုံးဝ မလိုအပ်ပါ။ အကယ်၍ တစ်စုံတစ်ယောက်မှ ငွေကြေးတောင်းခံမှုသည် သင့်အားအသုံးချ လိမ်လည်ခြင်းသာဖြစ်သည်။

အွန်လိုင်း ဝန်ဆောင်မှုများတွင် ဘာသာစကားတစ်ချို့ ဖြင့် လည်းရေးသားဖော်ဆိုထားပါသည်။ အောက်ဖော်ပြပါများမှာ အမေရိကားတွင် တရားဝင်အလုပ်သမားများ မည်သူကိုမဆို ကူညီပေးနေပါသည်။

အလုပ်လက်မဲ့

NYS အလုပ်လက်မဲ့ နှင့် CARES အက်ဥပဒေ

အလုပ်လက်မဲ့ဆိုသည်မှာ အလုပ်သမားများကို သက်သာခွင့်ပေးရန် အလုပ်ရှင်မှ Laid-off ၊ အလုပ်နားထားရသူများ သို့မဟုတ် မိမိအပြစ်ကြောင့် မဟုတ်ပဲ အလုပ်မသွားနိုင်သော အလုပ်သမားအား ပေးသော အာမခံအစီအစဉ် တစ်ခုဖြစ်သည်။

ဘယ်လိုသတ်မှတ်ထားလဲ။ အလုပ်မှ Laid-off ၊ အလုပ်နားထားရခြင်း သို့မဟုတ် အလုပ်ထုပ်ခံခြင်း မတိုင်မှီ ၆လ (နှစ်ကွာတာ) ခန့် အချိန်ထိ အလုပ်လုပ်ကိုင်ရမည်။ အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရရှိငွေ ပမာဏမှာ များသောအားဖြင့် သင်အလုပ်ထားသော ဝင်ငွေ အများဆုံးရရှိသည့် ကွာတာတစ်ခုကို ၂၆ ဖြင့် စားပြီး တွက်ချက်၍ရရှိသော ငွေပမာဏ ကို ရရှိမှာဖြစ်သည်။

Journey’s End Refugee Services ဆက်သွယ်ရန် အမည်: Hassan Alishaqiဖုံးနံပါတ် : (716) 882-4963 Ext. 218အီးမေးလ်: [email protected]

International Institute of Buffaloဆက်သွယ်ရန် အမည်: Xzavier Medina ဖုံးနံပါတ်: (718) 614-5806

Jewish Family Services of BuffaloContact name: Darwin Newkirk ဖုံးနံပါတ်:(716) 390-4044

Catholic Charities of BuffaloImmigration and Refugee AssistanceEmployment Departmentဖုံးနံပါတ်: (716) 842-0270

Page 8: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

အလုပ်လက်မဲ့ အကျိုးခံစားခွင့်မှာ အများဆုံး တစ်ပါတ်ကို ဒေါ်လာ ၅၀၄ ကျပ်ကိုရရှိမှာ ဖြစ်သည်။ လျှောက်ထားသူများသည် ၎င်းငွေပမာဏကို ၂၆ ပါတ်အထိ ရရှိနိုင်သည်။ အကယ်၍ သင်၏အလုပ်သည် အချိန်ပြည်အလုပ်မှ အချိန်ပိုင်းသို့ လျှော့ချခဲ့ပြီး တစ်ပါတ်စာဝင်ငွေသည် ၅၀၄ ဒေါ်လာထက်နည်းခဲ့ပါက သင်သည် တစ်စိတ်တစ်ပိုင်း အလုပ်လက်မဲ့ ဖြစ်သည်ဟု တောင်းဆိုနိုင်သည်။ ဖယ်ဒရယ် CARES အက်ဥပဒေအရ အပိုထပ်ဆောင်းတိုးထားသည့် နှုန်းမှာ ခန့်မှန်းခြေ တစ်ပါတ်လျှင် ဒေါ်လာ ၆၀၀ ဖြစ်သည်။နယူးယောက်ပြည်နယ်မှ ဗဟိုအစိုးရမှ ချမှတ်ထားသော ပရိုဂရမ်တွင်ပါဝင်သော နေ့တွင် ရရှိမှာဖြစ်သည်။ အကယ်၍ အလုပ်လက်မဲ့ ခံစားခွင့်ကို လျှောက်ထားပါက ၎င်းကို သင်၏လက်ရှိအကျိုးခံစားခွင့်သို အလိုအလျောက်ထည့်သွင်းပေးပါလိမ့်မည်။ ထိုအကျိုးခံစားခွင့် ကို ၁၈ ပါတ်ထိ ရရှိနိုင်ပါသည်။ ထိုခံစားခွင့်မှာ ၂၀၂၀ခုနှစ် ၇လပိုင်း ၃၁ ရက်နေ့ သက်တမ်းကုန်ဆုံးမည်ဖြစ်သော်လည်း CARES အက်ဥပဒေမှ နောက်ထပ် ၁၃ ပါတ်အထိ စုစုပေါင်း ၃၉ ပါတ်အထိ အကျိုးခံစားခွင့်ပေးလိုက်သည်။ ထိုအကျိုးခံစားခွင့်ရရှိရန် ကွာတာတစ်ခုတွင် အနည်းဆုံး ဝင်ငွေ ၂၆၀၀ ခန့်ရှိရမည်။ COVID-19 ကြောင့် လျှောက်လွှာကို ၇ ရက်တိုးပေးထားသည်။

ထို့အပြင် CARES အက်ဥပဒေမှ ကိုယ်ပိုင်စီးပွားရေးသမားများ၊ လက်ဝယ်ခံ စီးပွားရေးသမားများ နှင့် COVID19 ကြောင့် အလုပ်မလုပ်နိုင်ကြသူများကို အလုပ်လက်မဲ့ အလုပ်သမားများအနေဖြင့် လက်ခံပါသည်။ CARES အက်ဥပဒေမှာ COVID-19 ကြောင့် အလုပ်ထွက်ထားရသော အလုပ်သမားများအတွက်လဲ ပါဝင်ပါသည်။ သို့သော်လည်း အိမ်မှအလုပ်တာဝန်ကို ထမ်းဆောင်နေကြသော လခစားများ နှင့် ခွင့်ယူထားသော လခစားများ အတွက် မပါဝင်ပါ။

လျှောက်ထားရန်

အွန်လိုင်းအသုံးပြုပြီး လျှောက်ထားရန်: https://on.ny.gov/2UbvHd6 အင်တာနက်စာမျက်နာသို့သွားပြီး “NY.gov" အကောင့်တစ်ခု ဖန်တီးပါ။ အကယ်၍ သင့်မှာ ၎င်း အကောင့်ရှိပြီးပါက ထိုအကောင့်အားအသုံးပြုပြီး စာမျက်နာသို့ ဝင်လိုက်ပါ။ လူအများ အသုံးပြုနေသော အင်တာနက်စာမျက်နှာ ဖြစ်သောကြောင့် နှေးကွေးခြင်း သို့မဟုတ် ရပ်တန့် နေခြင်းတို့ကို ကြုံ ရပါလိမ့်မည်။ စိတ်ရှည်သည်းခံပေးပါ။

တယ်လီဖုံးအသုံးပြုပြီး လျှောက်ထားရန်: ၁ (၈၈၈) ၂၀၉ - ၈၁၂၄ ကို မနက် ၈ နာရီမှ ညနေ ၅ နာရီအထိ ဆက်သွယ်နိုင်ပါသည။် ဘာသာစကားအတွက် များသောအားဖြင့် နံပါတ် ၉ ကို နှိပ်ပါ။ ဖုံးခေါ်ဆိုကြသူများသောအားဖြင့် ဖုံးခေါ်နေစဉ် အချိန်ကြာကြာ စောင့်ဆိုင်းရတတ်ပါသည်။ စောင့်ဆိုင်းချိန်လျော့ပါးရန်အတွက် မိမိနောက်ဆုံးနာမည် A မှ F ကို တနင်္လာနေ့တွင့် ခေါ်ဆိုရန်၊ နောက်ဆုံးနာမည် G မှ N ကို အင်္ဂါနေ့တွင် ခေါ်ဆိုရန်၊ နောက်ဆုံးနာမည် O မှ Z ကို ဗုဒ္ဓဟူးနေ့တွင် ခေါ်ဆိုရန် တိုက်တွန်းထားပါသည်။ အကယ်၍ မိမိနာမည်နှင့် ခေါ်ဆိုရန် ရက်ကို လွဲသွားခဲ့ပါက ကြာသာပတေး၊ သောကြာ နှင့် စနေနေ့တွင် ပြန်လည်ခေါ်ဆိုနိုင်ပါသည်။ သင့်ကို သင်ခေါ်ဆိုရန်နေ့တွင် ပြန်လည်ခေါ်ဆိုပါလိမ့်မည်။ ဖုံးခေါ်ဆိုနေစဉ် စောင့်ဆိုင်းကာလမှ ကြာမြင့်နိုင်ပါသည်။ ဖုံးစကားပြောသူမတိုင်ခင် သင့်ကို အင်္ဂလိပ်ဘာသာစကားဖြင့် ညွှန်ကြားပါလိမ့်မည်။ တစ်စုံတစ်ယောက်မှဖုံးကိုင်ပါက interpreter ဟု ပြောပြီး မိမိပြောလိုသော ဘာသာစကားကိုတောင်းဆိုနိုင်ပါသည်။ မိမိကျွန်းကျင်သော ဘာသာစကားပြောဆိုသောဘာသာပြန်မှ သင့်ကို ကူညီပါလိမ့်မည်။

လျှောက်ထားလျှင် လိုအပ်ချက်များ • Social Security နံပါတ် • ကားမောင်းလိုင်စင် သို့မဟုတ် အိုင်ဒီ နံပါတ် • နေရပ်လိပ်စာ နှင့် ဇစ်ကုဒ်• တနင်္လာနေ့မှ သောကြာနေ့အတွင်း မနက် ၈ နာရီမှ ညနေ ၅ နာရီ အချိန်အတွင်း ခေါ်ဆိုနိုင်ရန်ဖုံးနံပါတ် • နိုင်ငံသားမဟုတ်ပါက Alien Registration ကဒ် နံပါတ် • လွန်ခဲ့သော ၁၈ လအတွင်း နယူးယောက်ပြည်နယ် အတွင်းသာမက တခြားပြည်နယ်တွင် လုပ်ကိုင်ခဲ့သော အလုပ် နာမည်နှင့် လိပ်စာ

Page 9: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

• Employer registration number အလုပ်သမားကဒ်နံပါတ် သို့မဟုတ် အလုပ်ရှင်၏ Federal Employer Identification Number (FEIN) (FEIN ကိုသင့် W-2 forms နှင့် တခြား pay stubs များတွင် တွေ့နိုင်ပါသည်။)

အကျိုးခံစားခွင့် ရယူခြင်း

သင့်အကျိုးခံစားခွင့် ငွေကို သင့်ဘဏ်သို့ တိုက်ရိုက် ဒီပို့စစ် မှသော်လည်းကောင်း DOL မှ ထုတ်ထားသည့် debit card မှလည်းကောင်း ရရှိနိုင်ပါသည်။ သင့်အလုပ်လက်မဲ့ အကျိုးခံစားခွင့် ရရှိငွေမှာ အခွန်ဖြတ်နိုင်ပါသည်။ CARES အက်ဥပဒေမှ တစ်ပါတ် ၆၀၀ ဒေါ်လာ ပေးပို့ငွေမှာ အခွန်ကောက်မည် မကောက်မည်မှာ မသဲကွဲသေးပါ။ အပိုရရှိငွေ ဒေါ်လာ၆၀၀ မှာ Medicaid သို့မဟုတ် CHIP ရရှိရေး မရရှိရေးကို တွက်ချက်မည် မဟုတ်ပါ။

4

Page 10: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

PAID SICK TIME (နာမကျန်းမှုကြောင့် လခပေးသည့်နားရက်ခွင့်)

NYS COVID-19 Paid Sick LeaveNYS Paid sick leave ဆိုသည်မှာ ကိုရိုနာဗိုင်းရက်စ် ကြောင့် အလုပ်ခွင်မှ မဖြစ်မနေသော်လည်းကောင်း ကြိုတင်ကာကွယ်ရေးအရသော်လည်းကောင်း နားနေရစဉ် အလုပ်သမားများအား မိမိတို့အလုပ် လုပ်ကိုင်ခွင့် ခိုင်မြဲစေရေးနှင့် ဝင်ငွေရရှိရေးတို့ကို အာမခံပေးသော ဥပဒေအသစ်ဖြစ်ပါသည်။

အသေးစားလုပ်ငန်းရှင်များ - အလုပ်သမား၁၀ဦးအောက် နှင့် ၁,၀၀၀,၀၀၀ ဝင်ငွေအောက်ရှိကြသော လုပ်ငန်းများ။ ၎င်းလုပ်ငန်းများတွင် လုပ်ကိုင်နေကြသော အလုပ်သမားသည် အထက်ဖော်ပြပါ NYS COVID-19 Paid Sick Leave ကို ရရှိမည်မဟုတ်ပါ၊ သို့ပါသော်လည်း ထိုအလုပ်သမားများသည် မိမိတို့ လုပ်အားခငွေ အတိုင်းအတာ ပမာဏကို NYS Paid Family Leave ( နယူးရောက်ပြည်နယ်မှ ပေးသည့် မိသားစုအရေး ခွင့်မှ ရရှိငွေ) နှင့် NYS Disability Benefits (နယူးရောက်ပြည်နယ်မှ ပေးသည့် မသန်စွမ်းအကျိုးခံစားမှု) တို့ကို ပေါင်းစည်းကာ လုပ်အားခငွေနှင့် အတိုင်းအတာ ပမာဏတူသော ငွေ (အကျိုးခံစားခွင့်) ကို ရရှိနိုင်ပါသည်။

အလတ်တန်းစားလုပ်ငန်းရှင်များ - အလုပ်သမား ၁၁ ဦးမှ ၉၉ ဦး ရှိသောလုပ်ငန်းနှင့် ဝင်ငွေ ၁,၀၀၀,၀၀၀ အထက်ရှိကြသော လုပ်ငန်းများ။ ၎င်းအလုပ်သမားများမှာ လခပေးသည့် နားရက်ခွင့် ၅ရက် ရရှိကြမည်။ ထို ၅ရက် အပြင် NYS Paid Family Leave and NYS Disability Benefits တို့မှ ရရှိသည့် အကျိုးခံစားခွင့်တို့ကို ပေါင်းစည်းကာ ၁၄ရက်စာ မိမိတို့ လုပ်အားခနှင့် တန်းတူညီမျှသော အကျိုးခံစားခွင့်ကို ရရှိကြမည်။

အကြီးစားလုပ်ငန်းရှင်များ - အနည်းဆုံး လုပ်သား ၁၀၀ နှင့် ပြည်သူ့ ဝန်ထမ်းများ (Public employers) လုပ်ကိုင်ကြသည့် လုပ်ငန်းများ။ COVID-19 နှင့် သက်ဆိုင်သော နာမကျန်းမှုများအတွက် အနည်းဆုံး လခပေးသည့် နားရက် 14 ရက် ရရှိမည်ဖြစ်ပြီး အလုပ်ရှင်မှ သင့်ထံသို့ တိုက်ရိုက်ပေးပါလိမ့်မည်။

ဘယ်လိုသတ်မှတ်ထားလဲ။ ကျန်းမာရေးဦးစီးဌာန၊ ဒေသခံကျန်းမာရေးဘုတ်အဖွဲ့၊ သို့မဟုတ် COVID-19 နှင့်ပတ်သတ်၍ ပြောရေးဆိုခွင့်ရှိသော အစိုးရအဖွဲ့ အစည်း နှင့် နယူးရောက်ပြည်နယ်မှ ထုတ်ပြန်သော မဖြစ်မနေသို့မဟုတ် ကြိုတင်ကာကွယ်ရေးအတွက် သီးသန့်ထားရခြင်း သို့မဟုတ် သီးခြားထားရန် အမိန့်။ ၄င်းအမိန့်မှာ အီရီ စီရင်စု ကျန်းမာရေးဌာန သို့မဟုတ် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းမှ မှတ်တမ်းတင် ထုတ်ပြန်ကြေငြာပေးပါလိမ့်မည်။

ကျေးဇူးပြု၍ မှတ်သားပါရန် : The Erie County Department of Health အီရီစီရင်စု ကျန်းမာရေးဌာန (DOH) သည် COVID-19 တွေ့ရှိ လူနာများကိုသာ quarantine သီးခြားကန့်သတ်နေထိုင်ရန် အမိန့်ထုတ်ထားပါသည်။ အကယ်၍ သင့်မှာ DOH မှ ထုတ်ပြန်ထားသည့် မဖြစ်မနေ သီးခြားကန့်သတ်နေထိုင်ရန် အမိန့် Mandatory Order of Quarantine from DOH မရှိပါက သင့်အား ကုသပေးနေသော လိုင်စင်ရ ကျန်းမာရေးဝန်ထမ်း ထံမှ ထောက်ခံချက် (ဆရာဝန်ဆေးမှတ်တမ်း) ကို တင်ပြနိုင်ပါသည်။ ထိုလုပ်ငန်းစဉ်မှာ မိမိ၏ ကျန်းမာရေးအာမခံ health insurance နှင့် ပူပေါင်းဆောင်ရွက်ပြီး ရက် ၃၀ အတွင်း ဒေသခံ DOH နှင့်ဆက်သွယ်ပါ။

COVID-19 စမ်းသပ်မှု အဖြေ တွေ့ရှိထားပါက မည်သည့် အထောက်အပံ့များရှိနိုင် သို့မဟုတ် အဆင့် ၂၊ ၃၊ ၄ သတ်မှတ်ထားသည့် နိုင်ငံများမှ သွားရောက်ပြီး ပြန်လာပါက သက်ဆိုင်ရာ COVID-19 အထူးပြု အကြံပေးများကို ဆက်သွယ်ပါ။ အထက်ဖော်ပြပါ အချက်အလက်များမှာ ၄လပိုင်း၂ရက်၂၀၂၀ခုနှစ်တွင် ပြောင်းလဲနိုင်ပြီး ဗဟိုအစိုးရမှ ချမှတ်ထားသော လခပေးသည့် နားရက်ခွင့် paid sick leave နှင့် မိသားစုအရေးကြောင့် ပေးသည့် နားရက်ခွင့် family leave စည်းမျဉ်းစည်းကမ်းများကို သိရှိရန် Erie County DOH COVID-19 Hotline ကို ဆက်သွယ်ပါ။

Page 11: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

https://bit.ly/2wAdvRy တွင် CDC ၏ အဆင့် ၂၊ ၃၊ ၄ သတ်မှတ်ထားသည့် အကြံပေးအချက်အလက်များကို သွားရောက်ကြည့်ရှုနိုင်ပါသည်။

အကျိုးခံစားခွင့်: အများစုမှာ အာမခံကုမ္ပဏီမှ သင်လျှောက်ထားပြီး ၁၈ ရက်အကြာတွင် ပေးမည် မပေးကို ဆုံးဖြတ်ပေးပါလိမ့်မည်။ ပေးမည်ဆိုလျှင် direct deposti ဖြင့် ပေးမည်၊ debit card ဖြင့် ပေးမည် သို့ မဟုတ် ချက်လက်မှတ်ဖြင့် ပေးမည် အစရှိသည့် ပေးမည့် ပုံစံကို သင့်ကို ရွေးချယ်ခွင့် ပေးပါလိမ့်မည်။ အကယ်၍ အလုပ်သမားဦးရေ ၁၀၀ ထက်များသော အလုပ်တွင် လုပ်ကိုင်နေသော အလုပ်များအတွက် Paid Sick Leave ကို လျှောက်စရာမလိုပဲ အလုပ်ရှင်မှ သင့် လစာ payroll check တွင် ရနေမြဲအတိုင်း ရရှိပါလိမ့်မည်။

လျှောက်ထားရန:်အကယ်၍ သင်သည် အလတ်တန်းစား နှင့် အကြီးစားလုပ်ငန်းရှင်ထံတွင် လုပ်ကိုင်နေရပြီး Paid Sick Days ရရှိပါက ၎င်း အကျိုးခံစားခွင့် ကို လျှောက်ထားစရာမလိုပဲ သင့်အလုပ်ရှင်မှ တိုက်ရိုက်ပေးပါလိမ့်မည်။

အကယ်၍ သင်သည် အလတ်တန်းစား သို့မဟုတ် အသေးစားလုပ်ငန်းရှင်ထံတွင် လုပ်ကိုင်နေရပါက NYS Paid Family Leave နှင့် NYS Disability Benefits ကို သင် quarantined နေစဉ်အတွင်း သို့မဟုတ် လခပေးသည့် ခွင့် ငါးရက်ယူပြီးနောက်တွင် ၎င်းအကျိုးခံစားခွင့်ကို https://on.ny.gov/2xoPBYV တွင် သွားရောက်လျှောက်ထားနိုင်ပါသည်။

၎င်းလျှောက်လွှာကို ဖြည့်ဖို့ရန် ဘာသာစကားအခက်ခဲရှိပါက ၁(၈၄၄) ၃၃၇ ၆၃၀၃ ကို ခေါ်ဆိုပြီး နံပါတ် ၁ နှိပ်ပါ၊ နောက်ပြီး နံပါတ် ၅ ကို နှိပ်ပါ။ အကယ်၍ ဖုံးစကားလာပြောပါကလည်း အင်တာပရတ်တာ ဟု ပြောပြီး မိမိပြောလိုသော ဘာသာစကားကို ပြောပါ။ ဖုံးခေါ်သောလူများသောကြောင့် စောင့်စားချိန်ကြာနိုင်သည်၊ မိမိပြောလိုသော ဘာသာစကားမတိုင်မီ အင်္ဂလိပ်စကားများဖြင့် ပြောဆိုခြင်းအများအပြားရှိနိုင်သည် ကို သတိပြုပါ။

အထက်ဖော်ပြပါလျှောက်လွှာများတွင် လျှောက်လွှာ PFL-1 တွင် နံပါတ် ၁၁ နှင့် ၁၂ ကို ချန်ထားပါ။ ၎င်းမှာ နောက် PDF ဖိုင်၏ SCOVID19 အပိုင်းတွင် ထပ်မံဖော်ပြထားပါသည်။ အကယ်၍ အလုပ်ရှင်မှ မိမိထံသို့ ပြန်မပေးမည်ကို တွက်ချက်ကာ မိမိဖြေကြားထားသောPFL-1 လျှောက်လွှာကို မိတ္တူ ကူးထားပါ။ ဖောင်ဖြည့်ပြီးလျှင် အလုပ်ရှင်သို့ အပ်နှံပါ။ အလုပ်ရှင်ထံမှ သင့်ဆီကို သုံးရွက်အတွင်းပြန်ပေးပါလိမ့်မည်။

နောက်ဆုံးအဆင့်အနေနဲ့ သင့်၏လျှောက်လွှာကို အလုပ်သမားလျော်ကြေးပေးသူထံသို့ ပို့ပါ။ ၎င်းတို့ကို ဆက်သွယ်မေးမြန်းပါ အကယ်၍ သင့်လျောက်လွှာကို အီလက်ထရောနစ်စနစ်ဖြင့် လက်ခံ၊ မခံကို မေးမြန်းပါ။ လက်မခံပါကစာတိုက်မှ တဆင့် ပို့ပေးပါ။ သင့် အလုပ်ရှင်၏ အလုပ်သမားလျော်ကြေးပေးသူကို https://on.ny.gov/2QK1KP5 တွင်သွားရောက်ရှာဖွေနိုင်ပါသည်။

အကယ်၍ သင့်အလုပ်သမားလျော်ကြေးပေးသူကို ရှာမတွေ့ပါက Paid Family Leave Helpline ကို ဖုံး (၈၄၄) ၃၃၇ ၆၃၀၃ သို့ခေါ် ဆိုပြီး နံပါတ်၁ နှိပ် ပြီး နံပါတ် ၅ နှိပ်၍ အကူညီတောင်းနိုင်ပါသည်။ ဖုံးအော်ပရိတာကို interpreter ဘာသာပြန် ဟု ပြောဆိုကာ မိမိပြောလိုသောဘာသာစကားကို တောင်းယူနိုင်ပါသည်။ ဖုံးခေါ်သောလူများသောကြောင့် စောင့်စားချိန်ကြာနိုင်သည်၊ မိမိပြောလိုသော ဘာသာစကားမတိုင်မီ အင်္ဂလိပ်စကားများဖြင့် ပြောဆိုခြင်းအများအပြားရှိနိုင်သည် ကို သတိပြုပါ။ တနင်္လာနေ့ မှ သောကြာနေ့အထိ မနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲအတွင်းခေါ်ဆိုနိုင်ပါသည်။

အကယ်၍ သင့်အလုပ်ရှင်မှာ အာမခံမရှိဟု သင်ယုံကြည့်ပါက Paid Family Leave အကျိုးခံစားခွင့် အတွက် NYS Workers’ Compensation Board နယူးရောက်ပြည်နယ် အလုပ်သမားလျော်ကြေးဘုတ်အဖွဲ့ တွင် တောင်းခံနိုင်ပါသည်။

5

Page 12: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

NYS Workers’ Compensation BoardPaid Family LeavePO Box 9030,Endicott, NY 13761-9030

မည်သို့ရရှိနိုင်မည်နည်း။ ပထမဆုံးငွေရရှိပြီးနောက် အပိုရရှိငွေများမှာ နှစ်ပါတ်တစ်ခါရရှိမှာဖြစ်သည်။ သင့် အလုပ်သမားလျောကြေးပေးသူထံမှ direct deposit သော်လည်းကောင်း၊ debit card ဖြင့်သော်လည်းကောင်း ချက်စာရွက်ဖြင့်သော်လည်းကောင်း ပေးပို့ရန်ရွေးချယ်နိုင်ပါသည်။

လခပေးသည့် နားရက်ခွင့် Paid Family Leave အကျိုးခံစားခွင့်မှာ အခွန်ဖြတ်နိုင်ပါသည်။ ၄င်းအကျိုးခံစားခွင့်မှ အခွန်မှာ တိုက်ရိုက်ဖြတ်မည်မဟုတ်ပါ၊ သင် tax claim သည့် အချိန်မှသာလျှင် ၎င်းအခွန်ကိုပေးဆောင်ရမည် ကို အထူးသတိပြုပါ။

Federal Paid Sick Leave ဗဟိုအစိုးရမှ ဖျားနာမှုကြောင့် လခပေးသည့်နားရက်ခွင့် (Families First Coronavirus Response Act: Employee Paid Leave Rights FFCRA) မိသားစုများအရေး ကိုရိုနာဗိုင်းရက်စ် တုံ့ပြန်မှု အက်ဥပဒေ : အလုပ်သမားများလခပေးနားရက်ခွင့် ရရှိရေး

FFCRA အက်ဥပဒေကို ဧပြီလ ၁ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် စ၍ အတည်ပြုလိုက်ပါသည်။ ၎င်းFFCRA အက်ဥပဒေမှာ လခပေးသည့်နားရက်ခွင့် ကိုပဲထပ်မံအတည်ပြုထားခြင်းမဟုတ်ပါ။ ဗဟိုအစိုးရမှ ပြဌာန်းထားသော ဥပဒေရ COVID-19 နှင့် သက်ဆိုင်သော နာမကျန်းမှုများအတွက် နာရီ ၈၀ အထိ လခပေးသည့် နာရက်ခွင့်ကို အလုပ်သမားတစ်ဦးစီ၏ ပုံမှန်ဝင်ငွေ အတိုင်းအတာဖြင့် အများဆုံး တစ်ရက်ကို ၅၁၁ဒေါ်လာ သို့မဟုတ် နှစ်ပါတ်ကို ၅,၁၁၀ ဒေါ်လာအထိ ယာယီ ထောက်ပံ့ငွေ ပေးမည်။ ထိုယာယီထောက်ပံ့မှုမှာ အလုပ်သမားဦးရေ ၅၀ မှ ၅၀၀ ကြားရှိသော အလုပ်ခွင်၌ လုပ်ကိုင်ကြသော အလုပ်သမားများအတွက်ဖြစ်သည်။ အလုပ်သမားဦးရေ ၅၀အောက် ရှိသော လုပ်ငန်းမှ အလုပ်သမားများမှာ ၎င်းအထောက်အပံ့ရရှိရေး ချွင်းချက်အနေဖြင့် ရရှိကောင်းရရှိနိုင်ပါသည်။ အလုပ်သမားများမှာ ထိုထောက်ပံ့ငွေရရှိရန် အနည်းဆုံး ရက်သုံးဆယ်ခန့် လုပ်သက်ရှိသော အလုပ်သမားဖြစ်ရမည်။

ဗဟိုအစိုးရမှ ဖျားနာမှုကြောင့် လခပေးသည့် နားရက်ခွင့်အထောက်အပံ့ရရှိရန် အောက်ပါစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရန်လိုအပ်ပါသည်။ •COVID-19 နှင့် ပတ်သတ်သောဖျားနာမှုကြောင့် ဗဟို၊ ပြည်နယ်၊ နှင့်ဒေသခံ အစိုးရတို့မှ ချမှတ်ထားသည့် လူနာကန့်သတ်နေရာများသို့ သွားရောက်ရန် ;•COVID-19 နှင့်ပတ်သတ်သောဖျားနာမှုအကြောင်းကို ကျန်းမာရေး စောင့်ရှောက်သူများထံမှ မိမိကိုယ်ကို သီးသန့်နေထိုင်းရေး self-quarantine ဆိုင်ရာ အကြံညဏ်များရယူရန် ;• COVID-19 လက္ခဏာများကို ကြုံတွေ့ ခံစားနေရပြီး ၎င်းအတွက် ဆေးကုသမှုကို ခံယူရန် ;

ဗဟိုအစိုးရမှ ဖျားနာမှုကြောင့် လခပေးသည့် နားရက်ခွင့် အထောက်အပံ့ကို အလုပ်ရှင်မှ တဆင့် တိုက်ရိုက်ရရှိမှာဖြစ်သည်။ အလုပ်သမားဦးရေ ၅၀ မှ ၉၉ ဦးကြားရှိသည့် အလုပ်မှ အလုပ်သမားများမှာ ဗဟိုဥပဒေအရ အလုပ်ရှင်မှ နှစ်ပါတ်စာ လုပ်အားခကို ရရှိနိုင်သည်။ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော အလုပ်သမားများအားလုံးအတွက် ဗဟိုဥပဒေမှ အထောက်ပံ့ရရှိရန် ပိုမိုလွယ်ကူစေပါသည်။ ဆရာဝန်ဆေးလက်မှတ်တစ်ခုတည်းနဲ့ လျှောက်ထားလျှင်လည်း ထိုထောက်ပံ့ကြေးရရှိနိုင်ကြပါသည်။

Page 13: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

သတိပြုပါ : မည်သည့် ဥပဒေကို အလုပ်ရှင်မှ လိုက်နာရမည်ဟူသည်မှာ ရှုပ်ထွေးမှုများရှိနေပါသည်။ ထိုရှုပ်ထွေးမှု၏ အဖြေမှာ အလုပ်ရှင်၏ ဝင်ငွေနှင့် အလုပ်အရွယ်အစားပေါ်မူတည်နေပါသည်။ အလုပ်သမားဦးရေ ၅၀ မှ ၅၀၀ ကြား ရှိသည့် အလုပ်အရွယ်အစားအတွက် ဗဟိုဥပဒေမှာ တူညီသော အထောက်အပံ့များကို ပေးပါသည်၊ သို့ပါသော်လည်း လျောက်ထားရန် ပိုမိုလွယ်ကူပါသည်။ ဗဟို နှင့် ပြည်နယ် အစိုးရမှ ချမှတ်ထားသော စည်းမျဉ်းများကို အလုပ်ရှင်ထံသို့ တင်ပြပါက အလုပ်ရှင်မှာ မည်သည့်ဥပဒေကို လိုက်နာရမည်ကို သိရှိနိုင်ပေမည်။.

အလုပ်ရှင်အတွက် ဗဟိုအစိုးရမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း : https://bit.ly/2UiNVt7အလုပ်ရှင်အတွက် ပြည်နယ်အစိုးရမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း : https://on.ny.gov/2WMrLkA

7

Page 14: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

PAID FAMILY LEAVE မိသားစုအရေးကြောင့် ပေးသည့် နားရက်ခွင့်

NYS Paid Family Leave နယူးရောက်ပြည်နယ်မှ ပေးသည့် မိသားစုအရေးကြောင့် ပေးသည့်နားရက်ခွင့် အကယ်၍ သင့်ကလေး ဒါမှမဟုတ် သင့်ကလေး၏စာသင်ကျောင်းမှာ Quarantined သီးခြားကန်သန့်ထားလျှင် နယူးယောက်ပြည်နယ်၏ မိသားစုကြောင့် ပေးသည့်နားရက်ခွင့် ဥပဒေ New York State Paid Family Leave law မှာ COVID-19 ကြောင့် နယူးယောက်ပြည်နယ်၊ နယူးယောက်ပြည်နယ် ကျန်းမာရေးဌာန၊ စီရင်စု ကျန်းမာရေးဌာန၊ သို့မဟုတ် သက်ဆိုင်ရာ အကြီးအကဲ ဌာနများမှ ပြဌာန်းထားသော မဖြစ်မနေ သို့မဟုတ် ကြိုတင်ကာကွယ်ခြင်းအနေဖြင့် quarantine သို့မဟုတ် isolation ဟုခေါ်သော ကန့်သန့် သီးခြားနေထိုင်စေခြင်း အမိန့်အရ မိမိမှာ မှီခိုကလေး (မိဘအနေဖြင့် တာဝန်ယူထားသော ၁၈နှစ်အောက်ကလေး) ရှိပါက သင့်အား အိမ်မှာနေထိုင်ခွင့် ပေးသည်။ မည်သို့ ရရှိနိုင်မည်နည်း။အကယ်၍ သင့်ကလေးမှာ အိမ်တွင်း သီးခြားကန့်သတ် နေထိုင်ရခြင်း အမိန့်ရရှိပါက သို့မဟုတ် သင့်ကလေး စာသင်ကျောင်းမှာ COVID-19 ကူးစက်ရောဂါကြောင့် ပိတ်ထားပါက သင့်အနေဖြင့် ၎င်းခွင့်ကို ရရှိနိုင်ပါသည်။ အကယ်၍ သင့်ကလေးကျောင်းမှာ ကိုရိုနာရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်နိုင်စေရန် လူမှုရေးကွာဝေးစွာနေထိုင်ခြင်း social distancing ကြောင့် ပိတ်ထားလျှင် NYS Paid Family Leave နယူးရောက်ပြည်နယ်မှ မိသားစုအရေးကြောင့် ပေးသည့် နားရက်ခွင့်ကို မရနိုင်ပါ။ သို့သော်ငြားလည်း FFCRA အက်ဥပဒေ အရ ဗဟိုအစိုးရမှ တိုးမြှင့်ပေးထားသော မိသားစုအရေးကြောင့် ပေးသည့် နားရက်ခွင့်ကို ရရှိနိုင်ပါသည်။ NYS Paid family leave က သီးခြားကန့်သတ်နေထိုင်ရစဉ်အတွင်း သင့် အပါတ်စဉ်လုပ်အားခ၏ ၆၀% (နောက်ဆုံး အလုပ်ခန့်အပ်ခြင်း၏ ၈ ပါတ်စာ) အများဆုံး ၈၄၀.၇၀ ဒေါ်လာကို အပါတ်စဉ် ရရှိသွားမှာ ဖြစ်သည်။

သတိပြုပါ : အီရီစီရင်စု ကျန်းမာရေးဌာန DOH သည် COVID-19 စစ်ဆေးမှုရလဒ်အရ ရောဂါပိုးရှိသည့် လူနာများကို သာလျှင် quarantine အမိန့်ထုတ်ထားပါသည်။ အကယ်၍ သင့်မှာ DOH မှ ထုတ်ပြန်ထားသော quarantine အမိန့်မရှိပါက သင့်အား ကုသပေးနေသော လိုင်စင်ရ ကျန်းမာရေးဝန်ထမ်း ထံမှ ထောက်ခံချက် (ဆရာဝန်ဆေးမှတ်တမ်း) ကို တင်ပြနိုင်ပါသည်။ ထိုလုပ်ငန်းစဉ်မှာ မိမိ၏ ကျန်းမာရေးအာမခံ health insurance နှင့် ပူပေါင်းဆောင်ရွက်ပြီး ရက် ၃၀ အတွင်း ဒေသခံ DOH နှင့်ဆက်သွယ်ပါ။ COVID-19 စမ်းသပ်မှု အဖြေ တွေ့ရှိထားပါက မည်သည့် အထောက်အပံ့များရှိနိုင် သို့မဟုတ် အဆင့် ၂၊ ၃၊ ၄ သတ်မှတ်ထားသည့် နိုင်ငံများမှ သွားရောက်ပြီး ပြန်လာပါက သက်ဆိုင်ရာ COVID-19 အထူးပြု အကြံပေးများကို ဆက်သွယ်ပါ။ အထက်ဖော်ပြပါ အချက်အလက်များမှာ ၄လပိုင်း၂ရက်၂၀၂၀ခုနှစ်တွင် ပြောင်းလဲနိုင်ပြီး ဗဟိုအစိုးရမှ ချမှတ်ထားသော လခပေးသည့် နားရက်ခွင့် paid sick leave နှင့် မိသားစုအရေးကြောင့် ပေးသည့် နားရက်ခွင့် family leave စည်းမျဉ်းစည်းကမ်းများကို သိရှိရန်

Family Care မိသားစု စောင့်ရှောက်မှုအကယ်၍ သင့်မိသားစုဝင်မှာ အရေးပေါ်ကျန်းမာရေးအခြေအနေ တစ်ခု ရှိနေပါက သင့်အနေဖြင့် မိမိ မိသားစုဝင်အားပြုစု စောင့်ရှောက်ရန် အများဆုံး မိသားစုအရေးကြောင့် ပေးသည့် ခွင့် ၁၀ ပါတ်အထိ ရရှိကောင်း ရရှိနိုင်ပါသည်။ NYS Paid family leave က သီးခြားကန့်သတ်နေထိုင်ရစဉ်အတွင်း သင့် အပါတ်စဉ်လုပ်အားခ၏ ၆၀% (နောက်ဆုံး အလုပ်ခန့်အပ်ခြင်း၏ ၈ ပါတ်စာ) အများဆုံး ၈၄၀.၇၀ ဒေါ်လာကို အပါတ်စဉ် ရရှိသွားမှာ ဖြစ်သည်။

မည်သို့ ရရှိနိုင်မည်နည်း။ အကယ်၍ သင့် မိသားစုဝင်မှာ လိုင်စင်ရ ကျန်းမာရေးစောင့်ရှောက်ပေးသူထံမှ အရေးပေါ်ကျန်းမာရေးအခြေအနေ ရှိပါကြောင်းထောက်ခံစာ ရှိလျှင် အောက်ဖော်ပြပါ လမ်းညွှန်အတိုင်း လျောက်ထားနိုင်ပါသည်။

Page 15: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

• ၎င်း ပြဌာန်းထားသော ဥပဒေအရ မိသားစုဝင်များမှာ အိမ်ထောင်ဖက်၊ လိင်တူ၊ လိင်ကွဲ အပါဝင် စုံတွဲများ (တရားဝင် မှတ်ပုံတင်ရန် မလိုအပ်ပါ) ၊ သားသမီး၊ လင်ပါ မယားပါ သားသမီးများ၊ တရားဝင်အုပ်ထိန်းထားသော ကလေးများ၊ မိဘ၊ ပထွေး မိထွေး၊ ယောက္ခမ ယောက္ခထီး၊ အဘိုး အဘွား၊ မြေးမြစ် တို့ ပါဝင်ပါသည်။

• အရေးပေါ်ကျန်းမာရေး အခြေနေများမှာ နာမကျန်းခြင်း၊ ဒဏ်ရာရခြင်း၊ ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းစိုင်ရာချို့ ယွင်းမှုကြောင့် ဆေးရုံတက်နေရခြင်း၊ နာတာရှည် သို့မဟုတ် လူနာနေ ကျန်းမာရေးစောင့်ရှောက်မှုပေးသော နေရာများတွင် နေထိုင်နေရခြင်း၊ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူများ၏ ကြီးကဲစောင့်ရှောက်မှုများ ဆက်လက်နာယူနေရခြင်း တို့ ပါဝင်သည်။

• လိုင်စင်ရ ကျန်းမာရေးစောင့်ရှောက်မှု ပေးသူများမှာ ဆရာဝန်၊ ဆရာဝန် လက်ထောက်၊ ကျောရိုးအဆစ်မြစ်ဆရာဝန်၊ သွားဆရာဝန်၊ ကုထုံးဆရာဝန် (physical therapist)၊ သူနာပြု၊ မှတ်ပုံတင်ရ သူနာပြုဆရာမ၊ အထူးကုဆရာဝန်၊ မျက်စိအထူးကု၊ စိတ်ရောဂါကု၊ ဆေးခန်းမှ soical worker ၊ အလုပ်အကိုင် ကုထုဆရာဝန်၊ သားဖွားဆရာမ၊ စိတ်ရောဂါ ဗေဒ ပညာရှင်၊ ဘာသာဗေဒပညာရှင်၊ အသံ-အကြားကု ပညာရှင်၊ ၄င်းတို့မှ ကျန်းမာရေးဆိုင်ရာ ရေးသားဖော်ဆိုထားသော ကျန်းမာရေးမှတ်တမ်းများတို့ပါဝင်ပါသည်။ နယူးယောက်ပြည်နယ် ပြင်ပ နှင့် အမေရိကားပြင်ပ မှကျန်းမာရေးစောင့်ရှောက်သူများမှာ Paid family leave အတွက် ဆရာဝန်လက်မှတ်ထုတ်ပေးမည်ဆိုပါက ၎င်းတို့၏ ဆေးကုသမှု လိုင်စင်၊ ဆရာဝန် လိုင်စင်တို့ကို ပြဌာန်းနိုင်ရပါမည်။

လျောက်ထားရန်အကယ်၍ သင့်ကလေး စာသင်ကျောင်းမှာ ကိုရိုနာဗိုင်းရက်စ် ကြောင့် Quarantined သီးခြားကန့်သတ်ထားလျှင် အင်တာနက်စာမျက်နှာ https://on.ny.gov/2xoPBYV တွင် လျှောက်လွှာကို ဒေါင်းလုပ်ဒ် ချပြီး ဖြည့်ဆိုပါ။

၎င်းလျှောက်လွှာကို ဖြည့်ဖို့ရန် ဘာသာစကားအခက်ခဲရှိပါက ၁(၈၄၄) ၃၃၇ ၆၃၀၃ ကို ခေါ်ဆိုပြီး နံပါတ် ၁ နှိပ်ပါ၊ နောက်ပြီး နံပါတ် ၅ ကို နှိပ်ပါ။ အကယ်၍ ဖုံးစကားလာပြောပါကလည်း အင်တာပရတ်တာ ဟု ပြောပြီး မိမိပြောလိုသော ဘာသာစကားကို ပြောပါ။ ဖုံးခေါ်သောလူများသောကြောင့် စောင့်စားချိန်ကြာနိုင်သည်၊ မိမိပြောလိုသော ဘာသာစကားမတိုင်မီ အင်္ဂလိပ်စကားများဖြင့် ပြောဆိုခြင်းအများအပြားရှိနိုင်သည် ကို သတိပြုပါ။

အထက်ဖော်ပြပါလျှောက်လွှာများတွင် လျှောက်လွှာ PFL-1 တွင် နံပါတ် ၁၁ နှင့် ၁၂ ကို ချန်ထားပါ။ ၎င်းမှာ နောက် PDF ဖိုင်၏ SCOVID19 အပိုင်းတွင် ထပ်မံဖော်ပြထားပါသည်။ အကယ်၍ အလုပ်ရှင်မှ မိမိထံသို့ ပြန်မပေးမည်ကို တွက်ချက်ကာ မိမိဖြေကြားထားသောPFL-1 လျှောက်လွှာကို မိတ္တူ ကူးထားပါ။ ဖောင်ဖြည့်ပြီးလျှင် အလုပ်ရှင်သို့ အပ်နှံပါ။ အလုပ်ရှင်ထံမှ သင့်ဆီကို သုံးရွက်အတွင်းပြန်ပေးပါလိမ့်မည်။

နောက်ဆုံးအဆင့်အနေနဲ့ သင့်၏လျှောက်လွှာကို အလုပ်သမားလျော်ကြေးပေးသူထံသို့ ပို့ပါ။ ၎င်းတို့ကို ဆက်သွယ်မေးမြန်းပါ အကယ်၍ သင့်လျောက်လွှာကို အီလက်ထရောနစ်စနစ်ဖြင့် လက်ခံ၊ မခံကို မေးမြန်းပါ။ လက်မခံပါကစာတိုက်မှ တဆင့် ပို့ပေးပါ။ သင့် အလုပ်ရှင်၏ အလုပ်သမားလျော်ကြေးပေးသူကို https://on.ny.gov/2QK1KP5 တွင်သွားရောက်ရှာဖွေနိုင်ပါသည်။

Family Care မိသားစု စောင့်ရှောက်ရေး အင်တာနက်စာမျက် https://on.ny.gov/2wIXzMB တွင် လျှောက်လွှာဖောင်ကို ရယူနုင်ပါသည်။ လျှောက်လွှာဖောင်တွင် အောက်ပါတို့ ပါဝင်သည်။ :•Paid Family Leave လျှောက်လွှာ (ဖောင် PFL-1)•Paid Family Leave ဥပဒေအရ မိမိကျန်းမာရေး အချက်အလက်များကို ကြည့်ရှုခွှင့် (ဖောင် PFL-3)•မိသားစုဝင်၏ Serious Health Condition အရေးပေါ်ကျန်းမာရေး အခြေအနေ ရှိကြောင်း ထောက်ခံပေးမည့် ကျန်းမာရေးစောင့်ရှောက်သူ၏ ထောက်ခံချက် (ဖောင် PFL-4)

PFL-1 ဖောင် ပြီးမြောက်ရေး PFL-1 ဖောင်ကို သင်နှင့် သင့် အလုပ်ရှင်မှ ဖြည့်ဆိုရ မည့် အခန်းကဏ္ဍတို့ ပါဝင်သည်။ သင်ဖြည့်ရမည့် အပိုင်းကိုဖြည့်ပြီး ၎င်းဖောင်ကို မိတ္တူ ကူပြီး သင့်အလုပ်ရှင်သို့ တိုက်ရိုက်ပေး၍သော်လည်းကောင်း၊ စာတိုက်မှသော်လည်းကော

5

Page 16: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

င်း၊ အီးမေးလ် ဖြင့်သော်လည်းကောင်း ပေးပို့ပါ။ သင့်အလုပ်ရှင်မှ ဖြည့်ပြီး သင့်ထံသို့ ရုံးဖွင့်ရက် သုံးရက်အတွင်း ပို့ပေးရန်လိုအပ်သည်။ အကယ်၍ သင့် အလုပ်ရှင်မှ သင့်အား၎င်းဖောင်အားပြန် မပေးပါက သင်မိတ္တူ ကူးထားသော ဖောင်အား သင့်အလုပ်ရှင်၏ အာမခံ ကုမ္ပဏီ သို့ တိုက်ရိုက်ပို့ပါ။

PFL-3 ဖောင်ပြီးမြောက်ရေး အရေးပေါ်ကျန်းမာရေး အခြေနေနှင့် ကြုံတွေ့ နေရသော သင့်မိသားစုဝင် မှ PFL-3 ဖောင်ကို ဖြည့်ပြီး ၎င်းဖောင်အား ယင်းမိသားစုဝင်၏ ကျန်းမာရေး စောင့်ရှောက်သူ ထံသို့ ပို့ပေးပါ။ ၎င်းဖောင်မှာ ယင်းမိသားစုဝင်၏ ကျန်းမာရေး အချက်အလက်များ မိမိအလုပ်ရှင်၏ အာမခံ ကုမ္ပဏီအား တရားဝင် ကြည့်ရှုခွင့်ပေးလိုက်ခြင်းဖြစ်သည်။ ၎င်းဖောင်ကို သင့်အလုပ်ရှင်၏ အာမခံ ကုမ္ပဏီအား မပို့ပါနှင့် ။

PFL-4 ဖောင်ပြီးမြောက်ရေး PFL-4 ဖောင်တွင် သင်နှင့် သင့်မိသားစုဝင်၏ ကျန်းမာရေးစောင့်ရှောက်သူတို့ ဖြည့်ရမည့် အခန်းကဏ္ဍ ပါဝင်သည်။ သင်ဖြည့်ရမည့် အပိုင်းအား ဖြည့်ပြီး မိတ္တူ ကူးထားပါ။ ထိုနောက် သင်ဖြည့်ပြီးသားဖောင်အား သင့်မိသားစုဝင်၏ ကျန်းမာရေးစောင့်ရှောက်သူထံသို့ ပို့ပြီး အချိန်မှီ ပို့ပေးရန်လည်း တောင်းဆိုပါ။

အလုပ်ရှင်၏ အာမခံ ကုမ္ပဏီ သို့ ပို့ဆောင်ခြင်း မိမိရထိုက်သော အခွင့်အရေးများ မဆုံးရှုံးရန် ဖြည့်စွတ်ပြီးေ ဖောင်များအား သင့်ခွင့်ရက်ရပြီး ရက်သုံးဆယ်အတွင်း သင့်အလုပ်ရှင်၏ အာမခံ ကုမ္ပဏီသို့ ပေးပို့ပါ။ ကန့်သတ်ထားသော အချိန်ကာလအတွင်း လိုအပ်သော စာရွက်စာတမ်းများကို မပေးပို့နိုင်ပါက အလုပ်ရှင်၏ အာမခံ ကုမ္ပဏီမှ သင့်တောင်းဆိုချက်အား ငြင်းပယ်ချနိုင်ပါသည်။ စာတိုက်မှသော်လည်းကောင်း ဖက်စ်ပို့၍သော်လည်းကောင်း PFL-1ဖောင် နှင့် PFL-4 နှင့် တခြားသော အရေးကြီးထောက်ခံစာများကို သင့်အလုပ်ရှင် အာမခံကုမ္ပဏီသို့ ပေးပိုပါ။ အကယ်၍ သင့်အလုပ်ရှင် အာမခံ ကုမ္ပဏီကို မသိပါက သင့် အလုပ်ရှင်၏ အလုပ်သမားလျော်ကြေးပေးသူကို https://on.ny.gov/2QK1KP5 တွင်သွားရောက်ရှာဖွေနိုင်ပါသည်။

အကယ်၍ သင့်အလုပ်သမားလျော်ကြေးပေးသူကို ရှာမတွေ့ပါက Paid Family Leave Helpline ကို ဖုံး (၈၄၄) ၃၃၇ ၆၃၀၃ သို့ခေါ် ဆိုပြီး နံပါတ်၁ နှိပ် ပြီး နံပါတ် ၅ နှိပ်၍ အကူညီတောင်းနိုင်ပါသည်။ ဖုံးအော်ပရိတာကို interpreter ဘာသာပြန် ဟု ပြောဆိုကာ မိမိပြောလိုသောဘာသာစကားကို တောင်းယူနိုင်ပါသည်။ ဖုံးခေါ်သောလူများသောကြောင့် စောင့်စားချိန်ကြာနိုင်သည်၊ မိမိပြောလိုသော ဘာသာစကားမတိုင်မီ အင်္ဂလိပ်စကားများဖြင့် ပြောဆိုခြင်းအများအပြားရှိနိုင်သည် ကို သတိပြုပါ။ တနင်္လာနေ့ မှ သောကြာနေ့အထိ မနက် ၈နာရီခွဲမှ ညနေ ၄နာရီခွဲအတွင်းခေါ်ဆိုနိုင်ပါသည်။

အကယ်၍ သင့်အလုပ်ရှင်မှာ အာမခံမရှိဟု သင်ယုံကြည့်ပါက Paid Family Leave အကျိုးခံစားခွင့် အတွက် NYS Workers’ Compensation Board နယူးရောက်ပြည်နယ် အလုပ်သမားလျော်ကြေးဘုတ်အဖွဲ့ တွင် တောင်းခံနိုင်ပါသည်။

NYS Workers’ Compensation BoardPaid Family LeavePO Box 9030,Endicott, NY 13761-9030

မည်သို့ရရှိနိုင်မည်နည်း။ ပထမဆုံးငွေရရှိပြီးနောက် အပိုရရှိငွေများမှာ နှစ်ပါတ်တစ်ခါရရှိမှာဖြစ်သည်။ သင့် အလုပ်သမားလျောကြေးပေးသူထံမှ direct deposit သော်လည်းကောင်း၊ debit card ဖြင့်သော်လည်းကောင်း ချက်စာရွက်ဖြင့်သော်လည်းကောင်း ပေးပို့ရန်ရွေးချယ်နိုင်ပါသည်။ ထောက်ပံ့ကြေးမှာ စတင်လျှောက်ထားချိန်မှ စ၍ ရရှိချိန်မှာ ၄၅ ရက်ခန့် ကြာမြင့်နိုင်သည်ကို သတိပြုပါ။

Page 17: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

လခပေးသည့် နားရက်ခွင့် Paid Family Leave အကျိုးခံစားခွင့်မှာ အခွန်ဖြတ်နိုင်ပါသည်။ ၄င်းအကျိုးခံစားခွင့်မှ အခွန်မှာ တိုက်ရိုက်ဖြတ်မည်မဟုတ်ပါ၊ သင် tax claim သည့် အချိန်မှသာလျှင် ၎င်းအခွန်ကိုပေးဆောင်ရမည် ကို အထူးသတိပြုပါ။

Federal Paid Expanded Family and Medical Leave ဗဟိုအစိုးရမှ တို့မြင့်မိသားစုခွင့် နှင့် ကျန်းမာရေးခွင့် (Families First Coronavirus Response Act: Employee Paid Leave Rights, FFCRA) မိသားစုများအရေး ကိုရိုနာဗိုင်းရက်စ် တုံ့ပြန်မှု အက်ဥပဒေ : အလုပ်သမားများလခပေးနားရက်ခွင့် ရရှိရေးFFCRA အက်ဥပဒေကို ဧပြီလ ၁ ရက်နေ့ ၂၀၂၀ ခုနှစ်တွင် စ၍ အတည်ပြုလိုက်ပါသည်။ ၎င်းFFCRA အက်ဥပဒေမှာ လခပေးသည့်နားရက်ခွင့် ကိုပဲထပ်မံအတည်ပြုထားခြင်းမဟုတ်ပါ။ FFCRA ပြဌာန်းချက်မှာ မိသားစုအရေးကြောင့် လခပေးသည့် ခွင့်ကို ၁၀ပါတ် ထပ်မံ တိုးမြှင့်ပေးလိုက်ပြီး ကျန်းမာရေးခွင့် ကိုလည်း ပုံမှန်ဝင်ငွေ၏ သုံးပုံနှစ်ပုံကို ခွင့်ယူနေစဉ်အတွင်း ရရှိသွားမှာ ဖြစ်သည်။ အလုပ် ရက်သုံးဆယ်အလုပ်လုပ်ပြီး ကိုရိုနာနှင့် သက်ဆိုင်သော ရောဂါများကြောင့် ကလေးစာသင်ကျောင်းသော်လည်းကောင်း၊ ကလေး ကျန်းမာရေးစောင့်ရေး မှာ ပိတ်ထားသောကြောင့် ကလေးငယ်အား စောင့်ရှောက်နေရခြင်းကြောင့် အလုပ်မလုပ်နိုင်ပါက ၎င်းအထောက်အပံ့ကို ရရှိနိုင်ပါသည်။ အလုပ်သမားဦးရေ ၅၀ နှင့် ၅၀၀ ကြားအလုပ်ခွင်တွင် အလုပ်လုပ်ကိုင်နေကြရသော အလုပ်သမားများလည်း ၎င်းအထောက်အပံ့ကို ရရှိနိုင်ကြပါသည်။

ဗဟိုအစိုးရမှ ဖျားနာမှုကြောင့် လခပေးသည့် နားရက်ခွင့်အထောက်အပံ့ရရှိရန် အောက်ပါစည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီရန်လိုအပ်ပါသည်။ •an order or quarantine ကြောင့် မိသားစုဝင်တစ်ဦးဦးအား စောင့်ရှောက်နေရခြင်း •ကိုရိုနာနှင့် သက်ဆိုင်သော ရောဂါများကြောင့် ကလေးစာသင်ကျောင်းသော်လည်းကောင်း၊ ကလေး ကျန်းမာရေးစောင့်ရေး မှာ ပိတ်ထားသောကြောင့် ကလေးငယ်အား စောင့်ရှောက်နေရခြင်း

quarantined နေရသော မိသားစုဝင်အား စောင့်ရှောက်နေရသော၊ သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်သူမှ အိမ်တွင်း သီးခြားကန့်သန့်နေရန် အကြံပေးခံရသော၊ အချိန်ပြည်လုပ်ကိုင်နေရသော အလုပ်သမားများသည် နာရီ ၈၀ ခွင့် ကို ရရှိနိုင်ပြီး အချိန်ပိုင်းအလုပ်သမားတစ်ဦးသည် ရသင့်ရထိုက်သည့် နှစ်ပါတ်တာ ကာလအတွင်း လုပ်ခဲ့သည့် ပျမ်းမျှ အချိန်ကာလ အတိုင်း ရရှိမှာ ဖြစ်သည်။

COVID-19 နှင့် သက်ဆိုင်သော အကြောင်းပြချက်များကြောင့် ကျောင်း သို့မဟုတ် နေ့ကလေးထိန်းကျောင်းများ ပိတ်ထားခြင်းကြောင့် ကလေးထိန်းနေရသည့် အချိန်ပြည့် အလုပ်သမားများသည် ဗဟိုအစိုးရမှ တို့မြှင့် မိသားစုခွင့် နှင့် ကျန်းမာရေးခွင့် ၁၀ပါတ်အပြင် နာမကျန်းခွင့် နှစ်ပါတ်တို့ ပေါင်းကာ စုစုပေါင်း ခွင့် ၁၂ ပါတ် ရရှိမှာ ဖြစ်ပြီး အချိန်ပိုင်း အလုပ်သားများသည် ပုံမှန် အလုပ်လုပ်သည့် နာရီ အရေအတွက်ဖြင့် တွက်ချက်ကာ ခွင့် ရမည်ဖြစ်သည်။

မည်သို့ရရှိနိုင်မည်နည်း။Federal Paid Family Leave အကျိုးခံစားခွင့်မှာ သင့်အလုပ်ရှင်မှ သင့်ဆီသို့ တိုက်ရိုက်ပေးပို့ပါလိမ့်မည်။ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီသော အလုပ်သမားများအားလုံးအတွက် ဗဟိုဥပဒေမှ အထောက်ပံ့ရရှိရန် ပိုမိုလွယ်ကူစေပါသည်။ ဆရာဝန်ဆေးလက်မှတ်တစ်ခုတည်းနဲ့ လျှောက်ထားလည်း သို့မဟုတ် ကလေး စာသင်ကျောင်းမှ ကြိုတင် ကာကွယ်ရေး သို့မဟုတ် မဖြစ်မနေ သီးခြားကန့်သတ်ထားလျှင်လည်း ထိုထောက်ပံ့ကြေးရရှိနိုင်ကြပါသည်။

သတိပြုပါ : မည်သည့် ဥပဒေကို အလုပ်ရှင်မှ လိုက်နာရမည်ဟူသည်မှာ ရှုပ်ထွေးမှုများရှိနေပါသည်။ ထိုရှုပ်ထွေးမှု၏ အဖြေမှာ အလုပ်ရှင်၏ ဝင်ငွေနှင့် အလုပ်အရွယ်အစားပေါ်မူတည်နေပါသည်။ အလုပ်သမားဦးရေ ၅၀ မှ ၅၀၀ ကြား ရှိသည့် အလုပ်အရွယ်အစားအတွက် ဗဟိုဥပဒေမှာ တူညီသော အထောက်အပံ့များကို ပေးပါသည်၊ သို့ပါသော်လည်း လျောက်ထားရန် ပိုမိုလွယ်ကူပါသ

Page 18: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

ည်။ ဗဟို နှင့် ပြည်နယ် အစိုးရမှ ချမှတ်ထားသော စည်းမျဉ်းများကို အလုပ်ရှင်ထံသို့ တင်ပြပါက အလုပ်ရှင်မှာ မည်သည့်ဥပဒေကို လိုက်နာရမည်ကို သိရှိနိုင်ပေမည်။.

အလုပ်ရှင်အတွက် ဗဟိုအစိုးရမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း : https://bit.ly/2UiNVt7အလုပ်ရှင်အတွက် ပြည်နယ်အစိုးရမှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း : https://on.ny.gov/2WMrLkA

Federal Stimulus Checks ဗဟိုအစိုးရမှ ပေးသည့် Stimulus ချက်

အရွယ်ရောက်ပြီးသူ အများစုသည် တစ်ကြိမ်တစ်ခါပေးသော ထောက်ပံ့ကြေးငွေ ဒေါ်လာ ၁၂၀၀ အထိ ရရှိနိုင်ပြီး ၁၇ အောက်အရွယ် မှီခို ကလေးများအတွက် နောက်ထပ် ဒေါ်လာ ၅၀၀ ကို ထောက်ပံ့ပေးမှာဖြစ်သည်။ ကလေးမရှိသော အိမ်ထောင်သည် စုံတွဲများသည် ဒေါ်လာ ၂၄၀၀ အထိရရှိကြပါလိမ့်မည်။

အရည်အချင်းပြည့်မီရန် :• Social Security ကဒ်နံပါတ် ရှိရမည် ဖြစ်ပြီး အမေရိကားတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရှိရမည်။ • အရွယ်ရောက် သူတစ်ဦး၏ ဝင်ငွေမှာ တစ်နှစ်လျှင် ဒေါ်လာငွေ ၇၅,၀၀၀ ထက်နည်းရမည်။• အိမ်ထောင်ဦးစီး တစ်ဦး၏ တစ်နှစ်စာ ဝင်ငွေ ဒေါ်လာငွေ ၁၁၂,၅၀၀ ထက်နည်းရမည်။• ကလေးမရှိသော အိမ်ထောင်သည် စုံတွဲ၏ တစ်နှစ်စာ ဝင်ငွေမှာ ဒေါ်လာငွေ ၁၅၀,၀၀၀ ထက်နည်းရမည်။

အထက်ဖော်ပြပါ အဆင့်များထက် ဝင်ငွေများသောသူများသည်လည်း ဗဟိုအစိုးရမှ ပေးသည့် stimulus check ကို ရရှိနိုင်ပါသည်၊ သို့သော်လည်း ထောက်ပံ့ကြေး ပမာဏမှာ နည်းမည်။ ၂၀၂၀ တွင် ဝင်ငွေ အပြောင်းအလဲ (နည်းပါး) ရှိသော်လည်း သင့် ၂၀၁၈ နှင့် ၂၀၁၉ ဝင်ငွေများ များလွန်းနေလျှင်လည်း ထောက်ပံ့ကြေးရရှိရန် အရည်အချင်းမပြည့်မှီပါ ကိုအထူးသတိပြုပါ။

၎င်းထောက်ပံ့ကြေးရရှီရန် လျှောက်ထားစရာ မလိုပါ။ ၂၀၁၈၊ ၂၀၁၉ အခွန်ရှင်းတမ်း ပြုလုပ်ခဲ့စဉ် တွင် ပေးထားသော နေရပ်လိပ်စာနှင့် ဘဏ်အချက်အလက်များ မပြောင်းလဲပါက ဧပြီလ ၂၄ ရက် မတိုင်ခင် သင့်ဆီကို ထောက်ပံ့ကြေးဝင်လာပါလိမ့်မည်။ သင့်ထံသို့ Stimuls Check ချက်လက်မှတ် တစ်စောင် ပို့ပေးလိုက်သည့်ဟုလူ သီခြားအသိပေး စာ ဝင်လာပါလိမ့်မည်။

အကယ်၍ ၂၀၁၈ အခွန်ရှင်းတမ်း မပြုလုပ်ခဲ့ပါက ၎င်းထောက်ပံ့ကြေးရရှိရေး သို့မဟုတ် အချိန်မည်မျှကြာမည်ကို ထိခိုက်နိုင်ပါသည်။ ထောက်ခံကြေးရရှိရန် ၂၀၁၉ အခွန်ရှင်းတမ်း ပြုလုပ်ဖို့ မလိုအပ်သော်လည်း ၂၀၁၉ အခွန်ရှင်းတမ်း ပြုလုပ်ထားရန် အကြံပေးလိုပါသည်။

အကယ်၍ သင်သည် Social Security retirement (အငြိမ်းစားလူမှုဖူလုံရေးထောက်ပံ့ကြေး) နှင့် disability payments (မသန်မစွမ်သူထောက်ပံ့ကြေး) အစရှိသည့် ထောက်ပံ့ကြေး ရရှိနေသူတစ်ဦး သို့မဟုတ် စစ်ပြန်၊ သို့မဟုတ် အလုပ်မရှိသူ ဆိုပါကလည်း ၎င်း stimulus check ထောက်ပံ့ကြေးကို ရရှိနိုင်ပါသည်။

၎င်း stimulus checks ထောက်ပံ့ကြေးကို အခွန်မဖြတ်ပါ။

12

Page 19: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

OSHA ၏ အန္တရယ်ရှိသော အလုပ်ကို ငြင်းဆန်ရန် အခွင့်အရေး

အကယ်၍ သင့်အား တာဝန်ပေးအပ်ထားသည့် အလုပ်များသည် အလုပ်ခွင်၌ အန္တရယ်ရှိသောအနေအထားများကြောင့် သင့်အားပြင်းထန်သော ဒဏ်ရာ သို့မဟုတ်သေစေနိုင်သော အလုပ်တာဝန်များ ဖြစ်နေပါက သင့်အနေဖြင့် ထိုအလုပ်များကို လုပ်ကိုင်ရန် ငြင်းဆန်နိုင်ပါသည်။ ၎င်း အခွင့်အရေးအောက်မှ သင့်အားကာကွယ်နိုင်ရန်အတွက် အောက်ဖော်ပြပါ စံနှုံးများအတိုင်း လိုက်နာကြရမည်။

•အတတ်နိုင်ဆုံး အလုပ်ရှင်အား အလုပ်ခွင် အန္တရယ်များကို တင်ပြပြီး ရှင်းထုတ်ခိုင်းပါ၊ အလုပ်ရှင်မှလည်း ငြင်းဆန်နိုင်ပါသည်။ •အကောင်းမြင်ဝါဒဖြင့် လုပ်ကိုင်ပါ၊ ဆိုလိုသည်မှာ သင့်မှာ အလုပ်ခွင်၌ အမှန်တကယ် အန္တရယ်ရှိကြောင်းကို ဖြစ်လာနိုင်ကြောင်းကို ယုံကြည့်ပြီး ဆောင်ရွက်ပါ၊ မှားယွင်းစွာ မကောင်းလိုစိတ်ဖြင့် မလုပ်ပါနှင့်.•အမှန်တကယ် အန္တရယ်နှင့် အသက်ဘေးအန္တရယ်ကျရောက်နိုင်ခြင်းကို အကျိုးအကြောင်းစီလျော်စွာ တွေးခေါ်တတ်သူများက ထောက်ခံပေးပါလိမ့်မည်။ •အရေးပေါ် ဘေးအန္တရယ် အခြေနေအန ရောက်မှ လမ်းကြောင်းမှန် အတိုင်း OSHA ဘေးအန္တရယ် ကင်းရှင်းရန် စစ်ဆေးရေး အစရှိသည့် တာဝန်ခံ ဌာနများသို့ ခေါ်ဆိုရန် အချိန် လုံလောက်မည် မဟုတ်ပါ။

အကယ်၍ အလုပ်သမားမှာ ကောင်းမွန်သော အကျိုးအကြောင်း ကြောင့် အလုပ်ခွင်၌ ဘေးအန္တရယ်ရှိသော အလုပ်များကို လုပ်ဆောင်ရန် ငြင်းပယ်ပါက ၎င်းအလုပ်သမားများအတွက် ခွဲခြားဆက်ဆံခြင်း ခံရမှုမှ ဥပဒေက ကာကွယ်ပေးထားပါသည်။ ၎င်း အန္တရယ်ရှိသော အလုပ်များကို လုပ်ဆောင်ရန် ငြင်းဆန်မှုကြောင့် အလုပ်ထုတ်ခံရနိုင်ပါသည်ကို သတိပြုပါ၊ အကယ်၍ သင့်အလုပ်ခွင် ၌ ဘေးအန္တရယ်များ ရှိနေပါက အထက်ဖော်ပြပါ အချက်လေးချက်ကို လိုက်နာဆောင်ရွက်ပါ။ အကယ်၍ ဖုံးခေါ်ဆိုရန် အဆင်ပြေပါက WNYCOSH အလုပ်သမားစင်တာ hotline ဖုံး (၇၁၆) ၂၀၆ ၃၅၅၀ သို့ ခေါ်ဆိုနိုင်ပါသည်။ သင်ဖုံးခေါ်ဆိုမှုမှာ အလုပ်ချိန်အတွင်းဆို message အနေဖြင့် မှတ်သားထားပြီး အရေးပေါ်အခြေအနေဖြင့် သင်ဖုံးကို ၁နာရီ အတွင်းပြန်လည် ခေါ်ဆိုမှာဖြစ်သည်။

*၎င်းအခွင့်အရေးကို OSHA 29 CFR §1977.12(b)(2) အက်ဥပဒေမှ ကာကွယ် ပေးထားသည်။

13

Page 20: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

ရည်ညွှန်းချက်

Families First Coronavirus Response Act: Employee Paid Leave Rights, FFCRAFFCRA Act:https://www.dol.gov/agencies/whd/pandemic/ffcra-employee-paid-leave

Updated Guidance 3/27/20:https://www.dol.gov/newsroom/releases/whd/whd20200327

FAQ:https://www.dol.gov/agencies/whd/pandemic/ffcra-questions

Factsheet for Employers:https://www.dol.gov/agencies/whd/pandemic/ffcra-employer-paid-leave

Coronavirus Aid Relief, and Economic Security Act, CARES Act:https://www.politico.com/f/?id=00000171-1429-d270-a773-777f92a00000

NELP CARES Act Analysishttps://www.nelp.org/publication/unemployment-insurance-provisions-coronavirus-aid-relief-economic-security-cares-act/

New York Times FAQhttps://www.nytimes.com/article/coronavirus-stimulus-package-questions-answers.html

NYS Department of LaborUnemployment Insurancehttps://labor.ny.gov/unemploymentassistance.shtm

NYS Paid Sick Leave:https://paidfamilyleave.ny.gov/if-you-are-quarantined-yourself

NYS Paid Sick Leave for Quarantined Child:https://paidfamilyleave.ny.gov/COVID19

NYS Paid Sick Leave How to Obtain and Order of Quarantine:https://paidfamilyleave.ny.gov/system/files/documents/2020/03/obtaining-order-of-quarantine.pdf

CDC COVID-19 Travel Recommendations by Country:https://www.cdc.gov/coronavirus/2019-ncov/travelers/map-and-travel-notices.html

NYS Paid Family Care:https://paidfamilyleave.ny.gov/paid-family-leave-family-care

NYS Paid Family Leave COVID-19 FAQ:https://paidfamilyleave.ny.gov/new-york-paid-family-leave-covid-19-faqs

14

Page 21: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

This page left intentionally blank

Page 22: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ
Page 23: WNYCOSH COVID-19 Burmese pdf...WNYCOSH အ က င 3 COVID-19 အလ ပ သမ အက ခ စ ခ င အစ အစဥ မ အက ဥ ခ ပ 5 အလ ပ လက မ 6 NYS အလ

ပိုမိုသိရှိနိုင်စေရန် အောက်ဖော်ပြပါသို့ ဆက်သွယ်ပါ။

WNYCOSH အလုပ်သမားစင်တာ

HOTLINE

(၇၁၆) ၂၀၆ - ၃၅၅၀ဤလက်စွဲစာအုပ်ဖြစ်မြောက်ရေးအတွက်

Senator Timothy M. Kennedy United Steelworkers

မှကူညီ ပံ့ပိုးပေးထားပါသည်။